ချစ်ပရိသတ်ကြီးရေ အဆိုတော်သရုပ်ဆောင် ထွန်းအိန္ဒြာဗိုလ်ကတော့ အနုပညာအလုပ်တွေကို တစ်ခေတ်တစ်ခါကတည်းက လုပ်ဆောင်ခဲ့တာဖြစ်ပြီး သူမကို အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေအများအပြားလည်းရှိခဲ့တာဖြစ်ပါတယ်။ထွန်းအိန္ဒြာဗိုလ်က သားလေးတစ်ယောက်ကိုလည်းပိုင်ဆိုင်ထားပြီး ပျော်ရွှင်ချမ်းမြေ့တဲ့မိသားစုဘဝလေးကို ဖြတ်သန်းနေတာပါ။


သားလေးဟာအခုဆိုရင်အရွယ်ရောက်လာပြီဖြစ်ကာ ချောမောခန့်ညားပြီး မေမေအရမ်းချစ်ရတဲ့သားလေးတစ်ယောက်ဖြစ်ပါတယ်။ ဒါ့အပြင် သားလေးဟာထူးချွန်ထက်မြက်တဲ့ကလေးတစ်ယောက်ဖြစ်ကာ ကျောင်းမှာလည်း ဆုတံဆိပ်တွေ အမြဲရနေတာကြောင့် မေမေကအရမ်းဂုဏ်ယူနေရတာပါ။


မခိုင်ကြီးကတော့ မိသားစုလှုပ်ရှားမှုပုံလေးတွေကိုလည်း အမြဲဖော်ပြလေ့ရှိတာဖြစ်ပါတယ် ။လတ်တလောမှာလည်း သားလေးနဲ့အတူ လမ်းမှာတွေ့သမျှသူတိုင်းကို အစားအသောက်များလှူဒါန်းခဲ့တဲ့ ကြည်နူးစရာဗီဒီယိုလေးကို "လူစုလူဝေး မဖြစ်အောင် ...လျပ်တစ်ပျက် ဒါန အတွက် ....ကုသိုလ်ထပ်တူ ရကြပါစေရှင် .." ဆိုတဲ့စာလေးနဲ့အတူဝေမျှထားရာ ပရိသတ်ကြီးလည်း သာဓုခေါ်နိုင်စေရန် ပြန်လည်မျှဝေပေးလိုက်ပါတယ်။







