ပရိသတ်ကြီးရေ လူရွှင်တော်၊သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ချစ်စုကတော့ အနုပညာအလုပ်တွေကိုကြိုးစားလုပ်ဆောင်နေပြီး မိသားစုရဲ့စားဝတ်နေရေးကိုအဆင်ပြေအောင်ဖန်တီးပေးနေတာဖြစ်ပါတယ်။ချစ်စုရဲ့မိန်းမကလည်း ပါရမီဖြည့်ဖက်ကောင်းတစ်ယောက်ပီသစွာနဲ့ အလုပ်တွေကို ဝိုင်းပြီးကူလုပ်ပေးတာဖြစ်ပါတယ်နော်။လတ်တလောမှာဆိုရင်တော့ ချစ်စုတို့ဇနီးမောင်နှံက ထီဆိုင်လေးကိုဖွင့်လှစ်ထားပြီး စီးပွားရေးကိုပိုတွင်ကျယ်လာအောင် ကြိုးစားနေကြတာဖြစ်ပါတယ်။



ချစ်စုတို့မှာ သမီးလေးတစ်ယောက်လည်းရှိတာကြောင့် သမီးလေးရဲ့အနာဂတ်လေးလှပဖို့အတွက် လင်မယားနှစ်ယောက်လုံး သေချာစီမံနေကြတာဖြစ်ပါတယ်။အခုဆိုရင်တော့ ချစ်စုရဲ့ဇနီးလေးက အလုပ်တွေကို နေ့မနား၊ညမနားနဲ့ ပင်ပင်ပန်းပန်းလုပ်လို့ နေမကောင်းဖြစ်နေတာဖြစ်ပါတယ်။ချစ်စုကလည်း နေမကောင်းဖြစ်နေတဲ့ချစ်ဇနီးလေးကို ဘေးကနေပြုစုယုယပေးပြီး မြန်မြန်နေကောင်းလာဖို့အတွက် အောက်ပါအတိုင်း ရင်ဖွင့်ရေးသားလာတာဖြစ်ပါတယ်နော်။



ချစ်စုကတော့ "သူနေမြန်မြန်ပြန်ကောင်းစေချင်ပြီ ကိုယ့်အတွက်၊သမီးလေးအတွက်၊နှစ်ဖက်မိဘတွေအတွက် အမြဲစဥ်စားပေးရင်း အလုပ်တွေကိုဖိစီးလုပ်နေရတဲ့အခါ တစ်ခါတစ်ခါကိုယ်အိပ်ယာမနိုးခင် သူထီတွေရောင်းနေရှာပြီ တစ်ခါတစ်ခါ ကိုယ်ညတစ်ရေးနိုးချိန် သူအလုပ်တွေလုပ်နေရှာတုန်းပဲ နေမကောင်းလို့ပန်းဖျားဖျားနေတာတောင် ကိုယ့်ကိုကူးမှာစိုးတယ်တဲ့ (သဲ ဖြစ်တာပြဿနာမရှိဘူး ကိုကို ဖြစ်ရင်သဲပါသေမှာ) နားထဲကမထွက်တဲ့သူ့စကားလေးတွေ နေကောင်းပါတော့နော် မင်းသီချင်းဆိုသံလေးတွေလည်း နားထောင်ချင်လှပြီ ကိုယ့်အတွက်ပဲဖြစ်ဖြစ်နေကောင်းပါတော့ခလေးလေးရေ....."ဆိုပြီး ရေးသားမျှဝေလာတာဖြစ်ပါတယ်။



Source&Photo Credit:မောင်ချစ်စု And Art Of Life's Facebook page





