မြန်မာနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲ မင်းသမီးချော သင်ဇာဝင့်ကျော်နဲ့အတူ ပရိသတ်တွေထံ အနုပညာဖန်တီးမှုအသစ်တွေချပြဖို့ ဆွေးနွေးနေခဲ့တဲ့ ယုန်လေး

//s9.kh1.co/63/63d579fbbdb19c4ebb0e2837b4507a0df5fc3d12.jpg
အနုပညာရှင်များ

 ၂၂-ဇန်-၂၀၂၁ ၅pm · လွန်ခဲ့သော ၄ နှစ် က

.

မြန်မာနိုင်ငံရဲ့ အနုပညာလောကထက်မှာ နေရာတစ်ခုကို အခိုင်အမာရရှိထားပြီး အောင်မြင်နေကြသူတွေထဲမှာ သရုပ်ဆောင် သင်ဇာဝင့်ကျော်နဲ့ အဆိုတော် ယုန်လေးတို့ နှစ်ယောက်ကလည်း အပါအဝင်ပဲ ဖြစ်ပါတယ်။ သင်ဇာကတော့ အပြစ်ပြောရက်စရာမရှိတဲ့ ကောက်ကြောင်းအမိုက်စားနဲ့ မျက်နှာလှလှလေးကို ပိုင်ဆိုင်ထားတာဖြစ်လို့ ပုရိသတို့ရဲ့ တစ်ခဲနက်အားပေးဝန်းရံမှုကို များစွာရရှိထားတာဖြစ်ပါတယ်။

Photo credit - Yone Lay's FB account 
Photo credit - Yone Lay's FB account 
Photo credit - Yone Lay's FB account 
Photo credit - Yone Lay's FB account 

အဆိုတော် ယုန်လေးကတော့ အနုပညာလမ်းကြောင်းထက်မှာ သရုပ်ဆောင်တစ်ယောက်အနေနဲ့သာမကပဲ ဒါရိုက်တာတစ်ယောက်အနေနဲ့ပါ ရပ်တည်လျှောက်လှမ်းနေသူမို့ ဘက်စုံထူးချွန်သူပါနော်။ သင်ဇာနဲ့ ယုန်လေးတို့နှစ်​ယောက်က တမူထူးခြားတဲ့ အနုပညာဖန်တီးမှုတွေကို ပရိသတ်တွေထံ ချပြလေ့ရှိတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်ကလည်း ရေခဲတောင်မှာ ရိုက်ကူးရေးသွားရောက်ပြုလုပ်ခဲ့ပါသေးတယ်။

Photo credit - Yone Lay's FB account 
Photo credit - Yone Lay's FB account 
Photo credit - Yone Lay's FB account 
Photo credit - Yone Lay's FB account 

ယနေ့မှာလည်း သင်ဇာနဲ့ ယုန်လေးတို့ နှစ်ယောက်က အတူတွေ့ဆုံကြတာဖြစ်ပြီး အနုပညာဖန်တီးမှုအသစ်တွေအတွက် ဆွေးနွေးနေခဲ့တာပါ။ ယုန်လေးက သူရဲ့ လူမှုကွန်ယက် ဖေ့ဘွတ်အကောင့်မှာ သင်ဇာနဲ့အတူ ပုံတင်ပေးလာရင်း " ဒီ နှစ်ယောက် ပေါင်းပြီး ဘာတွေ လုပ်ရင် ကောင်းမလဲ လွန်ခဲ့တဲ့ ၂ နှစ်ကတော့ ရေခဲတောင်မှာ ၁လ လောက်အတူတူ ရုပ်ရှင်ကားလေးတစ်ကား အခက်ခဲတွေကြားထဲ ရိုက်ခဲ့ဖူးပါတယ် " ဆိုပြီး ရေးသားလာတာဖြစ်ပါတယ်။ ကဲ သူတို့နှစ်ယောက်ရဲ့ အနုပညာဖန်တီးမှုတွေကို ပရိသတ်တွေသိရှိစေဖို့အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်...။

Photo credit - Yone Lay's FB account 
Photo credit - Yone Lay's FB account 
Photo credit - Yone Lay's FB account 
Photo credit - Yone Lay's FB account 
Photo credit - Yone Lay's FB account 
Photo credit - Yone Lay's FB account 

သတင်း အရင်းအမြစ်Source - Yone Lay's FB account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T