သရုပ်ဆောင် မင်းသမီးကြီး လင်းဇာနည်ဇော်ကတော့ ပညာရေးမှာ ထက်မြတ်တဲ့ သမီးလေးကို ပိုင်ဆိုင်ထားတာ ပရိသတ်တွေအသိပဲဖြစ်ပါတယ်။ ရုပ်ရည်ကလည်း အရုပ်မလေးလို အပြစ်ပြောရက်စရာမရှိတာကြောင့် သမီးလေးကို အားပေးကြတဲ့ပရိသတ်တွေကလည်း မနည်းမနောပါ။ လိမ္မာရေးခြားရှိပြီး မိဘအပေါ်သိတတ်တဲ့ သမီးလေးကြောင့် မေမေ လင်းဇာနည်ဇော်တစ်ယောက် အမြဲဂုဏ်ယူနေရတာကိုလည်း တွေ့ရပါတယ်။


လင်းဇာနည်ဇော်က အနုပညာအလုပ်တွေကို ဆယ်စုနှစ်များစွာတိုင် ကြိုးစားလုပ်ကိုင်ခဲ့တာဖြစ်ပြီး ယခုအချိန်ထိလည်း အောင်မြင်မှုများစွာနဲ့ ရပ်တည်လျှောက်လှမ်းနေဆဲပါ။ ပရိသတ်တွေရဲ့ အချစ်မေတ္တာတွေကို အပြည့်အဝခံယူနေတဲ့ လင်းဇာနည်ဇော်တို့ သားအမိက လှုပ်ရှားမှုလေးတွေကို လူမှုကွန်ယက် ဆိုရှယ်မီဒီယာထက်မှာ ဝေမျှလေ့ရှိတာလည်း ဖြစ်ပါတယ်နော်။


ယနေ့မှာလည်း သားအမိနှစ်ယောက်အတူ တက်ညီလက်ညီနဲ့ သိုးမွှေးထိုးနေခဲ့တာဖြစ်ပြီး ပုံရိပ်လေးတွေကို တင်ပေးလာတာပါ။ ကြည်နူးစရာ ပုံလေးတွေအပြင် " ဒါလေးထိုးပြီးရင် live လွှင့်ပြီးရောင်းပစ်မယ် " ဆိုတဲ့ စာသားလေးကို ရေးသားလာတာပါ။ ပရိသတ်တွေကြည့်ရှု အချစ်ပိုစေဖို့အတွက် လင်းဇာနည်ဇော်တို့ သားအမိနှစ်ယောက်ရဲ့ ပုံလေးတွေကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်.....။


သတင်း အရင်းအမြစ်៖ Source - Lin Zarni Zaw's Facebook Account