ပရိသတ်ကြီးရေ......ချစ်စရာကောင်းပြီး သရုပ်ဆောင်လည်းကောင်းသလို အနေအေးတဲ့ ပုံရိပ်လေးတွေကြောင့် ပရိသတ်တွေ အမြဲအချစ်ပိုနေကြရသူလေးဖြစ်တဲ့ အကယ်ဒမီမင်းသမီးချောလေး စိုးပြည့်သဇင်ကိုသိကြမယ်ထင်ပါတယ်နော်။ စိုးပြည့်ဟာ ချစ်စရာကောင်းတဲ့မျက်နှာလေးကိုလည်း ပိုင်ဆိုင်ထားပြီး ရိုးရိုးအေးအေးလေးနဲ့ နေလေ့ရှိတဲ့သူလေးလည်းဖြစ်ပါတယ်။
စိုးပြည့်ဟာ အနုပညာလှုပ်ရှားမှုတွေကိုလည်း ဆက်တိုက်ဆိုသလိုလုပ်ဆောင်နေတာဖြစ်ပြီး အနုပညာအလုပ်တွေအပြင် အချက်အပြုတ်ပိုင်းမှာရော၊ ဒီဇိုင်းပညာရပ်တွေမှာပါ ထူးချွန်ပြီး မိန်းကလေးပီပီသသနေလေ့ရှိတဲ့သူလေးဖြစ်ပြီး အစ်မဖြစ်သူတွေနဲ့အတူ မင်းသမီးပိုးထည်တိုက်ကိုဖွင့်လှစ်ထားတာလည်း ဖြစ်ပါတယ်နော်....။
စိုးပြည့်ဟာရိုးရိုးယဉ်ယဉ်မြန်မာ၀တ်စုံလေးတွေကိုပဲ အမြတ်တနိုး၀တ်ဆင်လေ့ရှိပြီးသူမရဲ့ အလှလေးဟာလည်း အေးချမ်းတဲ့အလှမျိုးလေးပါနော်။ မကြာသေးမီကလည်းသူမရဲ့ Facebookစာမျက်နှာမှာ "ဒန့်ဒလွန်ပင်အောက်ကကို့ချစ်သူ...." ဆိုတဲ့ captionလေးနဲ့ ရိုးရိုးယဉ်ယဉ်လေး၀တ်ဆင်ကာလှနေတဲ့ပုံလေးတွေကိုတင်ပေးလာပါတယ်။ ကဲ....ပရိသတ်တွေအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
သတင်း အရင်းအမြစ်៖ Soe Pyae Thazin's Facebook acc