ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ ပန်းရောင်ခြယ်ကတော့ ဖေဖေဂရေဟန်ရဲ့ အနုပညာသွေးတွေအပြည့်စီးဆင်းနေသူလေးဖြစ်ပြီး အနုပညာအလုပ်တွေကိုဆက်လုပ်ကိုင်လျက်ရှိနေတဲ့ အနုပညာရှင်ဖြစ်ပါတယ်။ အောင်မြင်လျက်ရှိနေပြီဖြစ်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး သီချင်းကောင်းလေးတွေများစွာကို သီဆိုခဲ့တဲ့ သူမကတော့ ချစ်စရာကောင်းလွန်းတဲ့အပြုံးလေးတွေကို ပိုင်ဆိုင်ထားသူတစ်ယောက်ပဲဖြစ်ပါတယ်။
ကြော်ငြာတွေကိုလည်း ရိုက်ကူးလျက်ရှိနေတဲ့ ပန်းရောင်ခြယ်ကတော့ ချစ်စရာကောင်းလွန်းတဲ့ ညီမလေးဖြစ်တဲ့ ပန်းသွန်းခြယ်နဲ့အတူ အနုပညာအလုပ်တွေကိုလည်း အတူလုပ်ကိုင်နေတာဖြစ်ပါတယ်။ မနေ့ကတော့ သူမတို့ညီအစ်မ၂ယောက်ရဲ့ မွေးနေ့ရက်မြတ်လေးဖြစ်သူဖြစ်ပြီး သူမတို့ညီအမ၂ယောက်ကတော့ ၅ နှစ်ကြီး ၅ နှစ်ငယ် မွေးနေ့တစ်ရက်ထဲဖြစ်ကာ ချစ်ခင်ရတဲ့ပရိသတ်တွေများစွာက မွေးနေ့ဆုမွန်ကောင်းတွေကိုယ်စီတောင်းပေးနေကြပါတယ်။
သူမကတော့ ယခုမှာ တန်ဖိုးကြီးမွေးနေ့လက်ဆောင်တွေအများကြီးရရှိတဲ့အပြင် မိသားစုအသစ်လေးပါရရှိခဲ့လို့ဝမ်းသာပျော်ရွှင်နေခဲ့ပါတယ်။ ဂရေဟန်ကတော့ " Happy Birthday သမီးကြီး သမီးငယ် " ဆိုပြီး ချစ်စရာကောင်းတဲ့သမီးလေးတွေအတွက် မွေးနေ့ဆုမွန်ကောင်းလေးတောင်းပေးထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် ပန်းရောင်ခြယ်တို့ညီအမနှစ်ယောက်ရဲ့ပျော်ရွှင်နေကြတဲ့ ချစ်စရာပုံရိပ်လေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါပုံရိပ်လေးတွေကို အောက်မှာကြည့်နိုင်ပါတယ်။
Source: pan yaung chel ' s facebook page myday