အနုပညာလောကမှာ ဆယ်စုနှစ်မက အောင်မြင်ခဲ့တဲ့ ပရိသတ်တွေရဲ့အချစ်တော် ခင်ဇာခြည်ကျော်ကိုတော့ လူတိုင်းသိကြမယ်ထင်ပါတယ်နော်……။တစ်ချိန်က ဗီဒီယို ခေတ်မှာလည်း ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့တာ ဖြစ်ပြီး ပရိသတ်တွေရဲ့ ရင်ထဲကို ရောက်ရှိလာခဲ့တဲ့ မင်းသမီး တစ်လက်ပဲ ဖြစ်ပါတယ်။သူမကတော့ ဘယ်ဇာတ်ရုပ်ကိုမဆို အကောင်းဆုံး ပီပြင်စွာ လုပ်ပြနိုင်ခဲ့တဲ့ ခင်ဇာခြည်ကျော် ကတော့ ယခုချိန်ထိ ပရိသတ်တွေရဲ့ အချစ်ကို ရရှိနေတာ ဖြစ်ပါတယ်။


သူမဟာ အကယ်ဒမီထူဒချွန်ဆုကိုလည်း ထိုက်ထိုက်တန်တန်ရရှိထားကာ ပရိသတ်တွေရဲ့ အားပေးထာက်ခံမှုကို အခိုင်အမာရရှိ ပိုင်ဆိုင်ထားတဲ့ ဝါရင့် သရုပ်ဆောင်တွေ ထဲက တစ်ဦးလည်း ဖြစ်ပါတယ်။ရိုးသားကြိုးစားပြီး ဘဝကို လျှောက်လှမ်းနေတဲ့ သူမကတော့ ယခုမှာ သားလေးတစ်ဦးနဲ့ သမီးလေးတစ်ဦးကို ပိုင်ဆိုင်ထားပြီး အနုပညာ အလုပ်တွေကို ဆက်လက်လုပ်ကိုင်နေကာ Live sale တွေနဲ့ ကြော်ငြာတွေကို လက်ခံရိုက်ကူးနေတာ ဖြစ်ပါတယ်။


လတ်တလောမှာတော့ သူမရဲ့ အားလပ်ချိန်လေးတွေမှာ Tik Tok ဗီဒီယိုလေးတွေကို သမီးလေးနဲ့အတူ လွတ်လပ်ပေါ့ပါးစွာ ကရုံသာမက တစ်ဦးတည်းလည်း အေးအေးချမ်းချမ်းလေး ရိုက်ထားတာ လေးတွေကို ပရိသတ်တွေကို မျှဝေပေးလေ့ရှိသူပဲ ဖြစ်ပါတယ်။အခုတစ်ခါမှာတော့ အဖွားကြီးလို့ခေါ်နေတဲ့ ကလေးတွေကို ပြန်လည်ချေပတဲ့ ဗီဒီယိုလေးကို ပရိသတ်တွေ အတွက် မျှဝေပေးလာတာ ဖြစ်ပါတယ်။ချစ်ပရိသတ်ကြီးကလည်း မခင်ဇာခြည်ကျော်ကို သဘောကျမှာ အမှန်ပဲမို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။


@khinzarchikyaw_zarlay ၁၀နှစ် ၁၀မိုးကြိုးစားကြအုံး??
♬ original sound - Khinzar Chikyaw
သတင်း အရင်းအမြစ်៖ Khin Zar Chi Kyaw Tik Tok Account





