ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ဒိတ်ဒိတ်ကြဲအောင်မြင်မှုတွေနဲ့အတူ ပရိသတ်အချစ်တွေကို အခိုင်အမာရရှိထားကြတဲ့ ပြည်သူ့အသည်းကျော်တွေထဲမှာ နေတိုး၊ မင်းမော်ကွန်း၊ ကျော်ကျော်ဗိုလ်၊ ထွန်းထွန်းနဲ့ ရဲလေးတို့အပြင် ကိုပေါက်တို့ကလည်း အပါအဝင်ပါပဲ..။
ပရိသတ်တွေကိုယ်စီအခိုင်အမာနဲ့ အောင်မြင်စွာရပ်တည်နေကြတဲ့ နှင်းဆီအဖွဲ့သားတွေနဲ့ ကိုပေါက်တို့ အနုပညာရှင်ညီအစ်ကိုတွေကတော့ လက်ရှိမှာလည်း အနုပညာအလုပ်တွေကို အတူလက်တွဲလုပ်ဆောင်နေကြပြီး အပြင်မှာလည်း ညီအစ်ကိုရင်းတွေလို ခင်မင်ရင်းနှီးကြတာ တွေ့ရပါတယ်နော်..။
ပြီးခဲ့တဲ့ရက်က ကျရောက်ခဲ့တဲ့ရဲလေးရဲ့ မွေးနေ့လေးမှာလည်း မွေးနေ့ဆုတောင်းစကားလေးတွေဆိုကာ ဆုတောင်းပေးထားကြသလို မွေးနေ့ပွဲလေးမှာလည်း အားလုံးအတူ ပျော်ပျော်ပါးပါးစားသောက်ကာ အချိန်ကုန်ဆုံးခဲ့ကြပါတယ်နော်..။
အခုတစ်ခါမှာလည်း ရဲလေးရဲ့မွေးနေ့လေးမှာ အားလုံးအတူပျော်ရွှင်စွာအချိန်ကုန်ဆုံးခဲ့တဲ့ အမှတ်တရလေးတွေကိုလည်း ထွန်းထွန်းနဲ့ ကိုပေါက်တို့ က ပရိသတ်တွေကို ပြန်လည်မျှဝေထားတာကိုလည်း အားလုံးမြင်တွေ့ရမှာပါနော်..။
"ရကောက် Belated Birthday Dinner !. ." ဆိုပြီး မွေးနေ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေထားတာဖြစ်ပြီး ကိုပေါက်ကလည်း သူ့ရဲ့ဖေ့ဘွတ်စ်စာမျက်နှာကနေ "ရဲလေးမွေးနေ့ အမှတ်တရ.." ဆိုကာ အမှတ်တရတွေကို ထပ်မံမျှဝေထားပါသေးတယ်..။
အဲ့ဒီပို့စ်ရဲ့အောက်မှာတော့ ပရိသတ်တွေကလည်း ရဲလေးအတွက် မွေးနေ့ဆုတောင်းလေးတွေနဲ့အတူ အားပေးစကားလေးတွေပြောထားကြသလို ပျော်စရာအမှတ်တရလေးတွေကိုကြည့်ရင်း အပြုံးအပျော်လေးတွေလည်းကူးစက်ကာ သဘောကျနေကြတာ တွေ့ရပါတယ်နော်..။
သတင်း အရင်းအမြစ်៖ Htin Aung Tun's Fb Acc & Aung Min Naing's Fb Acc