မင်းသမီးချောလေး ဆုမြတ်နိုးဦး ကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေနဲ့ အကောင်းဆုံး လျှောက်လှမ်းလာခဲ့တဲ့ သူပဲဖြစ်ပါတယ်။ ဆုမြတ်နိုးဦးဟာ ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို ရိုက်ကူးနေပြီး အနုပညာလှုပ်ရှားမှုတွေကို အဆက်မပြတ်လုပ်ကိုင်နေတာဖြစ်ပါတယ်။ လက်ရှိမှာတော့ ကပ်ရောဂါကြောင့် အနုပညာအလုပ်တွေ ရပ်နားထားပြီး လူမှုကွန်ယက်မှာ တန်ဖိုးကြီးလက်ဝတ်ရတနာတွေကို ရောင်းပေးနေတာ တွေ့ရပါတယ်။
ဆုမြတ်နိုးဦး က တမူထူးခြားတဲ့ ပင်ကိုယ်အလှတရားတွေနဲ့ ဆွဲဆောင်မှုရှိတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားကာ ချစ်စရာကောင်းသူလေးပဲ ဖြစ်ပါတယ်။ သူမဟာ အသက်ငယ်ရွယ်ပေမဲ့ ဘာသာတရားကိုင်းရှိုင်းပြီး မိဘပေါ်မှာလည်း သိတတ်လိမ္မာတဲ့ သမီးရတနာတစ်ပါးပဲဖြစ်ပါတယ်။ ယခုမှာတော့ ပရိသတ်တွေရဲ့ အချစ်တော်လေး ဆုမြတ်နိုးဦးက ထူးထူးခြားခြား လက်ဆောင်လေးရခဲ့လို့ ဝမ်းသာပြီး ပြန်လည်ဖော်ပြလာခဲ့ပါတယ်။
ဒီလက်ဆောင်လေးကတော့ ဘုရင်မကြီးရှင်စောပုတည်ထားကိုးကွယ်တဲ့ ဘုရားပုံတော်တွေကို ကို ကိုးကွယ်ခွင့်အနေနဲ့ လက်ဆောင်ရခဲ့တာ ဖြစ်ပါတယ်။ ဒီအကြောင်းလေးနဲ့ ပတ်သက်ပြီး ဆုမြတ်နိုးဦး က " ဘုရင်မကြီးရှင်စောပုတည်ထားကိုးကွယ်တဲ့ ဘုရားပုံတော်တွေကို အိမ်မှာကိုးကွယ်ဖို့အတွက်လက်ဆောင်ပေးတဲ့ ချစ်ရတဲ့ အမမနန်းနဲ့ကိုမျိုးတို့ကိုကျေးဇူးအများကြီးတင်ပါတယ်" ဆိုပြီး ရေးသားဖော်ပြထားတာ ဖြစ်ပါတယ်။ကဲ... ပရိသတ်ကြီးရေ ဘုရားပုံတော်လေး ထူးထူးခြားခြား လက်ဆောင်ရခဲ့တဲ့ ဆုမြတ်နိုးဦးကို အရင်ကထက် ချစ်ပေးကြပါဦးနော်။
သတင်း အရင်းအမြစ်៖ Source - Hsu Myat Noe Oo's fb account