အဆိုတော်ဖြူဖြူကျော်သိန်းကတော့ အသံပါဝါအလွန်ကောင်းတဲ့ ထိပ်တန်းအဆိုတော်တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့ကာ အချစ်သီချင်းကောင်းလေးတွေ၊အဆွေးသီချင်းကောင်းလေးတွေများစွာကိုသီဆိုခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ သူမကတော့ အမိုက်စားဖက်ရှင်လေးတွေကိုလည်း ဝတ်ဆင်လေ့ရှိကာ အနုပညာအလုပ်တွေကိုလည်း ဆက်လက်လုပ်ကိုင်လျက်ရှိနေပါတယ်။



သီချင်းအသစ်လေးတွေကိုလည်း ပရိသတ်တွေရှေ့ချပြလေ့ရှိတဲ့ သူမကတော့ ချစ်စရာပုံစံလေးနဲ့ လှပနေတဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာထက်တင်ပေးလေ့ရှိပြီး ပရိသတ်တွေအချစ်ပိုရတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ သူမကတော့ ကျော်ထက်အောင်နဲ့အတူ ရိုက်ကူးထားတဲ့ပုံရိပ်လေးတွေကို အားပေးတဲ့ပရိသတ်တွေရှေ့ချပြလေ့ရှိပါတယ်။ သူမကတော့ ကျော်ထက်အောင်ရဲ့ရင်ခွင်လေးထဲမှာမှီနေရင်း ကြည်နူးပျော်ရွှင်နေပြီး ရိုဆန်တစ်ဆန်နေကြတဲ့ ပုံရိပ်လေးတွေကို ထုတ်ပြလိုက်ပါတယ်။



သူမကတော့ "အပြန်အလှန်ဆွဲငင်အားတွေဆိုတာ မမြင်ရလည်း နီးနီးလေးပါ...တဲ့ "ဆိုပြီး တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ပြုံးပျော်ရွှင်နေကြတဲ့ ချစ်စရာပုံရိပ်လေးတွေနဲ့အတူ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် အဆိုတော်ဖြူဖြူကျော်သိန်းနဲ့ ကျော်ထက်အောင်တို့ရဲ့ အပြုံးလေးတွေကိုယ်စီနဲ့ ပျော်ရွှင်နေကြတဲ့ ပုံရိပ်လေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါပုံရိပ်လေးတွေကိုအောက်မှာကြည့်နိုင်ပါတယ်။
Source: Phyu Phyu Kyaw Thein ' s Facebok Page



