ဆွဲဆောင်မှုရှိတဲ့ အပြုံးလေးတွေနဲ့ တမူထူးခြားတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး ဖူးပွင့်သခင်ကို ပရိသတ်တွေသိကြမယ်ထင်ပါတယ်။ သူမဟာ ဗီဒီယိုဇာတ်ကားများစွာကို ရိုက်ကူးထားပြီး အောင်မြင်မှုတွေနဲ့ လျှောက်လှမ်းလာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အနုပညာလှုပ်ရှားမှုအနေနဲ့ ကြော်ငြာတွေအပြင် photo shooting တွေကိုလည်း ရိုက်ကူးနေတာ တွေ့ရပါတယ်။


ဖူးပွင့်သခင် က ဆွဲဆောင်မှုရှိတဲ့ လုံးကြီးပေါက်လှ ကိုယ်လုံးလေးကိုပိုင်ဆိုင်ထားတာကြောင့် ဘယ်လိုဖက်ရှင်တွေပဲ ဖြစ်ဖြစ် လိုက်ဖက်အောင် ဝတ်ဆင်တာ တွေ့ရပါတယ်။ လတ်တလောမှာလည်း သူမက ပရိသတ်တွေ ချစ်အားပိုလောက်မယ့် အလန်းစား ပုံလေးတွေနဲ့ ချစ်စရာ tik tok လေးတွေကို ဖော်ပြပေးပါတယ်။ ယခုမှာလည်း ဖူးပွင့်သခင် က မြင်သူငေးမောသွားရလောက်မယ့် ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။


ဒီပုံလေးတွေထဲမှာတော့ ဖူးပွင့်သခင်က အသားကပ်ဝတ်စုံလေးလေးကို ဝတ်ဆင်ထားပြီး ဆွဲဆောင်မှုရှိတဲ့ အမူအရာလေးတွေနဲ့ ဖမ်းစားထားတဲ့ ပုံလေးတွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကြွေရက်စရာကောင်းတဲ့ ပင်ကိုယ်အလှတရားတွေကလည်း အထင်းသားပေါ်လွင်နေတာ တွေ့ရပါတယ်။ ကဲ...ပရိသတ်တွေလည်း မင်းသမီးချောလေး ဖူးပွင့်သခင် ရဲ့ အလန်းစားပုံလေးတွေကို သဘောကျမယ်လို့မျှော်လင့်မိပါတယ်။


သတင်း အရင်းအမြစ်៖ Source - Phoo Pwint Tha Khin fb page