ပိုးမမှီသာကတော့ အဆိုတော် စိုင်းစိုင်းနဲ့အတူ ပိတောက်ကတဲ့ ဂီတ ဇာတ်ကားကြီးက တစ်ဆင့် အနုပညာလောကထက်မှာ လူသိများအောင်မြငိခဲ့သူပါ။ ရိုးရှင်းတဲ့ မျက်နှာလေးနဲ့ ချိုသာယဥ်ကျေးတဲ့ အပြောအဆိုလေးတွေကြောင့် မြင်ရသူ ပရိသတ်များက အချစ်ပိုလေ့ရှိတာကိုလည်း တွေ့ရပါတယ်။ ပထမဆုံး ရိုက်ကူးရတဲ့ ဇာတ်ကားထဲက သူမရဲ့သရုပ်ဆောင်မှုတွေက ကောင်းမွန်တာကြောင့် အနုပညာအရည်အချင်း ရှိသူလည်း ဖြစ်ပါတယ် ။



အနုပညာလောကမှာ အောင်မြင်ကျော်ကြားရုံသာမကပဲ ပညာရေးမှာလည်း ထူးချွန်တဲ့ သူမက ဆေးကျောင်းသူလေးပဲ ဖြစ်ပါတယ်။ ဘက်စုံတော်တဲ့ သူမက လက်ရှိမှာဆိုရင် အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ကိုင်နေပြီး photo shooting တွေကိုလည်းရိုက်ကူးနေတာကို တွေ့ရပါတယ်။ ယနေ့မှာလည်း ပိုးမမှီသာက သူမရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ အမိုက်စား ပုံရိပ်လေးတွေကို ဝေမျှလာတာပါ။



ဒါကတော့ မြင်နေကြ ပုံစံလေးနဲ့ မဟုတ်ပဲ အထာကျကျဖက်ရှင်တွေနဲ့ လိုက်ဖက်နေကာ ညှို့ချက်ပြင်းတဲ့ အကြည့်တွေနဲ့ ဆွဲဆောင်မှုရှိလွန်းတဲ့ ပုံလေးတွေကို ဝေမျှလာတာပဲ ဖြစ်ပါတယ်။ ကြည့်မိသူပရိသတ်တွေ ရင်ကို လှုပ်ခတ်စေတဲ့ ပုံလေးတွေဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ် ။ ပုံလေးတွေကို ကြည်ပြီး အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့နော်.....။



သတင်း အရင်းအမြစ်៖ Source - Poe Mamhe Thar's Fb Account