သရုပ်ဆောင် ဘေဘီမောင်ကတော့ သူမ ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားလေးထဲ ဒိုင်ယာလော့တွေနဲ့ ထပ်တူကျအောင် Tiktok ဆော့ကစားလိုက်ပြန်ပါပြီ။ မော်ဒယ်လ်လောက ကနေ သရုပ်ဆောင် လောက ကို ကူးပြောင်းလာခဲ့တဲ့ ဘေဘီ က ပရိသတ်တွေနဲ့ မိတ်ဆက်ပေးစရာမလိုလောက်အောင် ရင်းနှီးပြီး ပြည်သူချစ်တဲ့ အနုပညာရှင်တစ်ယောက်ပါ။ သရုပ်ဆောင်ရာမှာလည်း ကောင်းမွန်ပီပြင်တဲ့ သူမရဲ့ အရည်အချင်းတွေကို ပရိသတ်တွေကလည်း စွဲမက်စွာအားပေးခဲ့ကြပါတယ်..... ။


ဘေဘီ က အဆိုတော် သားဂန်းနဲ့လည်း သာယာပျော်ရွှင်တဲ့ အချစ်ရေးလေးကို တည်ဆောက်ထားတာဖြစ်လို့ ပရိသတ်တွေကလည်း သဘောတူ ချစ်ခင်တာကို တွေ့ရပါတယ်။ မိသားစု အပေါ်မှာလည်း သိတတ်နားလည်းပြီး အရာရာ ဖြည့်ဆည်းပေးတတ်တဲ့ သူမက သမီးအလိမ္မာလေး ဖြစ်လို့နေပါတယ်။ ဒါ့အပြင် သူမရဲ့ လှုပ်ရှားမှုတိုင်းကို လူမှုကွန်ယက် ဖေ့ဘွတ်အကောင့်မှာ မှတ်တမ်းတင်လေ့ရှိတာကိုဖြစ်ပါတယ်။

ယခုမှာလည်း သူမပါဝင် သရုပ်ဆောင်ထားတဲ့ ဇာတ်ကားလေးထဲက အသံလေးနဲ့ ပီပီပြင်ပြင် ဆော့ကစားထားတဲ့ ဗီဒီယိုလေးတစ်ခုကို တင်ပေးလာတာပါ။ ကြည့်မိသူတွေ ရယ်မောသွားရလောက်အောင် သရုပ်ဆောင်ပြထားတဲ့ ဘေဘီမောင်ရဲ့ အဆိုပါ ဗီဒီယိုဖိုင်လေးကို ပရိသတ်တွေ ကြည့်ရှုစေဖို့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ် ။ ဗီဒီယိုလေးကို ကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့နော်.....။

သတင်း အရင်းအမြစ်៖ Source - Baby Maung's Facebook Account





