ဒီတစ်ခေါက်မှာတော့ ချိုသားတဲ့ အပြုံးတွေ ကိုပိုင်ဆိုင်ထားတဲ့ တိုင်းရင်းသူလေး နော်ဖော်အယ်ထား ပဲဖြစ်ပါတယ်။ ဖြူဖွေး ဝင်းဥ တဲ့ အသားအရည်ကို ပိုင်ဆိုင်ထားရုံသာမက သွယ်လျလှပတဲ့ ခန္ဓာကိုယ်ကို ပါပိုင်ဆိုင်ထားတဲ့ တောင်ကြီးသူလေး နော်ဖော်အယ်ထား ကတော့ လက်ရှိမှာ သီချင်းတွေကို အသံချိုချိုသာသာ လေးနဲ့ cover သီဆိုနေပြီး အနုပညာလမ်းကို ရိုးသားကြိုးစားပြီး လျှောက်လှမ်းနေ တာပဲဖြစ်ပါတယ်။ တက်သစ်စ လူငယ်အနုပညာရှင်တစ်ဦး ဖြစ်ပြီး အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေကာ ပရိသတ်တွေ အားပေးချစ်ခင်မှုကို အပြည့်အဝ ရရှိထားတာ ပဲဖြစ်ပါတယ်။



မကြာမကြာမှာ လည်း သူငယ်ချင်းတွေနဲ့ အတူ ဖိတ်ထားတဲ့ ပွဲတွေ တက်လိုက် အတူတူ စုံကာ ရယ်လိုက်မောလိုက်နဲ့ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေတာ ပဲဖြစ်ပါတယ်။ အားလပ်ရက်တွေ မှာလည်း ရိုရှင်းတဲ့ပေါ့ပေါ့ပါးပါး ဖက်ရှင်လေးတွေကို ဝတ်ဆင်ကာ ပရိသတ်တွေကို ချပြပြီး အချစ်တွေကို ယူလေ့ရှိသူ တစ်ဦးလည်း ဖြစ်ပါတယ်။ လတ်တလောမှာတော့အွန်းလိုင်းကြော်ငြာများစွားကို ဆက်တိုက်အဆက်မပျက် လက်ခံရိုက်ကူးနေကာ ပရိသတ်တွေ နဲ့ အဆက်အသွယ်မပျက်ရှိနေတာ ပဲဖြစ်ပါတယ်။



ယခုအခါမှာတော့ ရိုးရိုးယဉ်ယဉ်လေး ဝတ်ဆင်ကာ ရိုက်ကူးထားတဲ့ ပုံလေးတွေကို ချပြလာတာ ပဲဖြစ်ပါတယ်။ မြန်မာ ဝတ်ဆုံလေးတွေကို တဇိုင်း အမျိုးမျိုး ချုပ်ထားတာကို ဝတ်ဆင်ထားပြီး ဖြူစင်ရိုးသားတဲ့ အပြုံးတွေနဲ့ ရိုက်ထားတဲ့ ပုံလေးတွေကို “မြန်မာဝတ်စုံလေးတွေ ဝတ်ရတာ သဘောကျတဲ့သူပါ” ဆိုတဲ့ ခေါင်းစဉ်လေးတပ်ပြီး ဖော်ပြလာတာ ကို ပရိသတ်တွေ အတွက်ပြန်လည်မျှဝေပေးလိုက်တာ ပဲဖြစ်ပါတယ်။ ကဲ… ပရိသတ်ကြီး တို့ကလည်း အကြိုက်ဆုံး ဖက်ရှင်လေးတွေ ကို ရွေးပြီး ကောမန့်မှာ မန့်ခဲ့ကြဦး နော်….။








သတင်း အရင်းအမြစ်៖ Naw Phaw Eh Htar Facebook Page





