ပရိသတ်ကြီးရဲ့ အချစ်တော်မလေး တစ်ယောက် ဖြစ်တဲ့ ရွှေသမင်လို မျက်လုံးဝိုင်းဝိုင်းလေးတွေကို ပိုင်ဆိုင်ထားပြီး ချစ်စရာကောင်းနေသူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး မေမီကိုကို ပဲဖြစ်ပါတယ်။သူမကတော့ MRTV-4 ဇာတ်လမ်းတွဲ တွေမှာ ပါဝင်သရုပ်ဆောင်နေတဲ့ မင်းသမီးတစ်လက် ဖြစ်ပြီး ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင်သရုပ်ဆောင်နိုင်ကာ ပရိသတ်တွေ တစ်ခဲနက်အားပေးကြတဲ့ “ပျားရည်အိုင်”ဇာတ်လမ်းတွဲတွင် လူကြိုက် အများဆုံး ဖြစ်ခဲ့တဲ့ မင်းသမီး တစ်လက်လည်း ဖြစ်ပါတယ်နော်…..။


မေမီဟာ အနုပညာလောကမှာ အောင်မြင်မှုတွေကို ရရှိပိုင်ဆိုင်ထားသူလေး ဖြစ်ကာ ဇာတ်လမ်းတွဲ များစွာကိုလည်း ရိုက်ကူးထားတဲ့ မင်းသမီးလေး တစ်ယောက် ဖြစ်ပါတယ်။ရိုးသားကြိုးစားပြီး အနုပညာ လမ်းကြောင်းပေါ်ကို အကောင်းဆုံး လျှောက်လှမ်းနေတဲ့ သူမကတော့ ဆွဲဆောင်မှုရှိတဲ့ ဘော်ဒီလေးရှိတဲ့ အပြင် ဖက်ရှင်ပိုင်းတွင်လည်း မြန်မာဆန်ဆန်လေး တွေဝတ်ဆင်တတ်ကာ ကျက်သရေရှိစွာ လှပနေတဲ့ မင်းသမီးချောလေး ဖြစ်ပါတယ်။


မကြာခဏဆိုရင်လည်း မေမီဟာ အားလပ်ချိန်လေးတွေမှာ Tik Tok လေးတွေ ဆော့ကစားတတ်တာ ဖြစ်ပြီး သူမရဲ့ အနုပညာလှုပ်ရှားမှု ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေကို မျှဝေလေ့ရှိသူလေ ဖြစ်ပါတယ်။လတ်တလောမှာတော့ ချစ်စရာကောင်းပြီး သီချင်းလေး အတိုင်း သရုပ်ဆောင်ထားတဲ့ Tik Tok ဗီဒီယို လေးကို ချစ်ပရိသတ်တွေ အတွက် တင်ပေးလာပြန်ပါတယ်နော်……။ပရိသတ်တွေကလည်း မေမီလေးရဲ့ ဗီဒီယိုကို ကြည့်ရှုအားပေးနိုင်ဖို့အတွက် ပြန်လည် မျှဝေပေးလိုက်ပါတယ်။


သတင်း အရင်းအမြစ်៖ May Mi Ko Ko Tik Tok Account