မင်းသမီးချောလေး ပိုးကြာဖြူခင်ကတော့ MRTV-4 ဇာတ်လမ်းတွဲ တွေမှာ ပါဝင်သရုပ်ဆောင် လျက်ရှိနေတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်ပြီး အနုပညာလောကမှာ နေရာတစ်ခုကို ရယူထားနိုင်ခဲ့ကာ အခုချိန်ထိလည်း အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်လျက်ရှိနေတာ ပဲဖြစ်ပါတယ်။ပရိသတ်တွေရဲ့ အချစ်တွေကို ရယူထားနိုင်တဲ့ ပိုးကြာဖြူခင်ဟာကြော်ငြာတွေကိုလည်း လက်ခံရိုက်ကူးနေတာ ဖြစ်တဲ့ အပြင် လက်ရှိမှာလည်း သူမအောင်မြင်ခဲ့တဲ့ ဇာတ်လမ်းတွဲ ဖြစ်တဲ့"မိုးကောင်းကင်အိမ်မက်"ကလည်း ပြန်လည်ပြသနေတာ ဖြစ်တာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုများစွာကို ရရှိထားသူလေး ဖြစ်ပါတယ်။


ယောကျာ်းလေးပရိသတ်တွေအပြင် မိန်းကလေးပရိသတ်တွေကိုပါ အခိုင်အမာရရှိထားတဲ့ သူမကတော့ အပြောချိုချိုလေးတွေနဲ့ အပြုံးလှလှလေးရှိသူ ဖြစ်ပြီး ကြွေလောက်အောင်လှတဲ့ ဘော်ဒီလေးလည်း ရှိတဲ့ မင်းသမီးချောလေး တစ်ဦးဖြစ်ပါတယ်။သူမရဲ့ အနုပညာလှုပ်ရှားမှုတွေနဲ့ အလှပုံရိပ်များကိုလည်း ပရိသတ်တွေကို အမြဲ မျှဝေလေ့ရှိတာလည်း တွေ့ရပါတယ်နော်....။ရိုးသားကြိုးစားပြီး အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လေး ကြိုးစားနေသူလေး ပဲဖြစ်ပါတယ်။


ပိုးကြာဖြူခင်ဟာ တစ်မူထူးခြားတဲ့ ပင်ကိုယ်အလှတရားတွေ ရှိတဲ့ အပြင် ကြည်လင်ဝင်းပတဲ့ အသားအရည်လေးကိုပါ ပိုင်ဆိုင်ထားတဲ့ သူလေးဖြစ်ပါတယ်။အားလပ်ချိန်တွေမှာဆိုရင်လည်း Tik Tok လေးတွေကို ဆော့ကစားတတ်တာ ဖြစ်ပြီး အခုတစ်ခါမှာလည်း ပရိသတ်တွေ အလွမ်းပြေအောင် Tik Tok လေးတွေ တင်ပေးလာတာ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေကလည်း ပိုးလေးကို ကြည့်ရှုအားပေးနိုင်ဖို့အတွက် ပြန်လည် မျှဝေပေးလိုက်ပါတယ်။ပိုးလေးကို ချစ်တယ်ဆို အသည်းလေးတွေ ပေးခဲ့ဖို့ မမေ့နဲ့နော်......။
