ဝိတ်ချနေစဉ်အတွင်း ပုံလှလှလေးတွေရိုက်ပေးတတ်တဲ့ ခင်ပွန်းကို စကားလုံးအဆန်းလေးတွေနဲ့ ချွဲလိုက်တဲ့ သုသု

//s9.kh1.co/b2/b23749862dff10bcd616380847a1ec72ee9de2f5.jpg
အနုပညာရှင်များ

 ၁၀-ဇန်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၅ နှစ် က

.

ပရိသတ်တွေ အားပေးချစ်ခင်ကြတဲ့ အနုပညာရှင်တွေထဲမှာ သရုပ်ဆောင် ပိုင်ဖြိုးသုကလည်း တစ်ယောက်အပါအဝင်ပါ။ ဆယ်စုနှစ်တစ်ခုကျော်လောက်ကတည်းက အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်ခဲ့တဲ့ သူမက ကောင်းမွန်ပီပြင်တဲ့ သရုပ်ဆောင် ကောင်းမှုတွေကြောင့် အကယ်ဒမီဆုကြီးတွေကို ထိုက်ထိုက်တန်တန်ရရှိထားတာလည်းဖြစ်ပါတယ်.....။ 

Photo credit - Paing Phyo Thu's FB account 
Photo credit - Paing Phyo Thu's FB account 
Photo credit - Paing Phyo Thu's FB account 
Photo credit - Paing Phyo Thu's FB account 

ပိုင်ဖြိုးသုက ဒါရိုက်တာ ဏကြီးနဲ့အတူ နှစ်ယောက်တစ်ဘ၀တည်ဆောက်ထားတာဖြစ်ပြီး သာယာပျော်ရွှင်စရာလေးဖြစ်အောင် ဖန်တီးနေတာကိုလည်း တွေ့ရပါတယ်။ Romanticဆန်လွန်းကြတဲ့ သူတို့စုံတွဲလေးက ပရိသတ်တွေကို ချစ်အားပိုစေတာကိုလည်း တွေ့ရပါတယ်။ လှုပ်ရှားမှုတိုင်းကို လူမှုကွန်ယက်ထက်မှာ ဝေမျှလေ့ရှိတဲ့ ပိုင်ဖြိုးသုက ယနေ့မှာလည်း ပိုစ့်တစ်ခုတင်ပေးလာပြန်ပါတယ်....။ 

Photo credit - Paing Phyo Thu's FB account 
Photo credit - Paing Phyo Thu's FB account 
Photo credit - Paing Phyo Thu's FB account 
Photo credit - Paing Phyo Thu's FB account 

ဒါကတော့ " ဒေါ်သုတို့ မိန်းမသားတွေဆိုသည်မှာ ဝိတ်ချနေစဉ်ကာလအတွင်း စပါးလုံးတစ်ထောက်စာလောက်များပိန်သွားရင်လေ စပါးကျီတစ်ခုလုံးအပြည့်စာလောက်ဓါတ်ပုံတွေရိုက်ခိုင်းလိမ့်မယ် အဲ အဲဒီစပါးကျီတစ်ခုစာဓါတ်ပုံတွေထဲကနေပုံတင်ပြန်တော့လည်းတစ်ပုံလောက်ပဲတင်ရင်တင်လိမ့်မယ် ရှင်တို့ယောကျာ်းသားတို့တာဝန်က မိန်းမရိုက်ချင်သလောက်ရိုက်ပေးပါ တစ်ပုံပဲတင်ရင်လည်း "ရိုက်ခိုင်းတုန်းကကျတော့ရိုက်ခိုင်းပြီးတင်တော့ဖြင့်တစ်ပုံတည်းတင်တယ်" တို့ဘာတို့ပြောပြီး မငြိုငြင်ပါနဲ့ ဝိတ်ချနေသူကိုကြင်နာပါ အလိုလိုက်ပါ ဖေးမကူညီပါ " ဆိုပြီး ရေးသားလာတာကြောင့် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်...။ 

Photo credit - Paing Phyo Thu's FB account 
Photo credit - Paing Phyo Thu's FB account 
Photo credit - Paing Phyo Thu's FB account 
Photo credit - Paing Phyo Thu's FB account 

သတင်း အရင်းအမြစ် Source - Paing Phyo Thu's FB account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T