ပရိသတ်ကြီးတွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတဲ့ သရုပ်ဆောင် မင်းသားကြီး ကျော်သူကတော့ လက်ရှိအချိန်ထိ အောင်မြင်နေတုန်း ဖြစ်တဲ့ အနုပညာရှင်တစ်ယောက် ပဲဖြစ်ပါတယ်။အနုပညာအလုပ်တွေကို အနည်းအကျဉ်းမျှသာ လုပ်ကိုင်နေသော်လည်း ယနေ့ အချိန်ထိ ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိနေတုန်းပဲ ဖြစ်ပြီး လူမူရေးအကျိုးပြု ပရိဟိတ လုပ်ငန်းတွေကို ဦးဆောင်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။



မင်းသားကြီးကျော်သူဟာ နာရေးကူညီမှုအသင်းတွင် ဦးစီးလုပ်ကိုင်နေတာ ဖြစ်ပြီး သူကိုယ်တိုင်ပါဝင်ကာ လူမျိုးဘာသာဆင်းရဲချမ်းသာမရွေး လူတိုင်းကို ကူညီဖေးမကာ ဆောင်ရွက်ပေးနေတဲ့ လေးစားစရာ အနုပညာရှင် တစ်ယောက်ပဲ ဖြစ်ပါတယ်။ကိုဗစ်ကာကွယ်ရေးဆေးတွေ အတွက်လည်း ကူညီလှူဒါန်းပေးနေတာကိုလည်း တွေ့ရပါတယ်နော်......။ပရိသတ်တွေကလည်း မင်းသားကြီးကျော်သူရဲ့ အနုပညာလှုပ်ရှားမှုတွေကို စောင့်ကြည့် အားပေးနေကြတာပဲ ဖြစ်ပါတယ်။



အခုလက်ရှိမှာတော့ သူရဲ့ လူမူကွန်ယက်စာ်ျက်နှာထက်တွင် "မေမေ သာ ငါ့ကို မမွေးခဲ့ရင် ငါချစ်တဲ့ ငါ့မဟေသီနဲ့ လက်တွဲခွင့် ရမှာမဟုတ်ဘူး။မေမေ သာ ငါ့ကို မမွေးခဲ့ရင် ငါချစ်တဲ့ ပြည်သူလူထုကို အနုပညာနဲ့ အလုပ်အကျွေးပြုနိုင်မှာ မဟုတ်ဘူး။မေမေ သာ ငါ့ကို မမွေးခဲ့ရင် ပရဟိတ အနုပညာသမားကြီး "ကျော်သူ" ဆိုတာ ပေါ်ပေါက်လာမှာ မဟုတ်ဘူး။အမေများနေ့ကို ရည်စူး၍ ကမ္ဘာပေါ်ရှိ အမေများအားလုံးကို ဦးထိပ်ထားလျက်.....မောင်မောင်(ခ)ကျော်၀င်း(ခ)ကျော်သူ"ဆိုပြီး အဆိုပါ စာသားနဲ့ အတူ ချစ်စရာငယ်ပုံရိပ်တွေနဲ့ အတူ ချစ်မေမေနဲ့ ပုံရိပ်လေးတွေကိုပါ ဖော်ပြပေးလာတာ ဖြစ်ပါတယ်။ချစ်ပရိသတ်ကြီးတွေကလည်း ချစ်ခင်အားပေးနိုင်စေရန် ပြန်လည် မျှဝေပေးလိုက်ပါတယ်။


သတင်း အရင်းအမြစ်៖ Kyaw Thu FB Account





