ပရိသတ်ကြီးရေ......အရွယ်တင်နုပျိုလှပနေပြီး အနုပညာလောကမှာအချိန်အတော်ကြာရပ်တည်အောင်မြင်နေတဲ့သူလေးကတော့ မင်းသမီးချောလေးနန်းဆုရတီစိုးပါ။ သူမဟာ မေမေဆူလိမ့်မယ်သီချင်းနဲ့ ပရိသတ်အားပေးမှုရရှိလာခဲ့ပြီး ဗီဒီယိုဇာတ်ကားများ ရုပ်ရှင်ကားများပါရိုက်ကူးအောင်မြင်နေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်နော်.....။


နန်းဆုရတီစိုးဟာ အသံချိုချိုအေးအေးလေးနဲ့လည်း ပရိသတ်တွေကိုဖမ်းစားနိုင်တဲ့သူလေးဖြစ်တာကြောင့် သူမရဲ့သီချင်းလေးတွေဟာဆိုရင်လည်း ပရိသတ်တွေကြားမှာရေပန်းစားနေတာပဲဖြစ်ပါတယ်။ ဒါ့ပြင်နန်းဆုဟာအပြုံးချိုချိုလေးတွေနဲ့ ပရိသတ်တွေအပေါ်မှာလည်း ဖော်ဖော်ရွေရွေဆက်ဆံတတ်တဲ့သူလေးဖြစ်တာကြောင့် ပရိတ်သတ်ချစ်ခင်အားပေးမှုအများအပြားရရှိထားတာလည်းဖြစ်ပါတယ်.....။


နန်းဆုဟာလည်း အသက်အရွယ်နဲ့မလိုက်အောင်ကို နုဖတ်နေတာလည်းဖြစ်တာကြောင့် မိန်းကလေးပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုရရှိထားတာလည်းဖြစ်ပြီး အခုဆိုရင်လည်းသူမရဲ့ Facebookစာမျက်နှာလေးမှာ ဆံပင်တိုလေးနဲ့ ဆယ်ကျော်သက်အရွယ်မိန်းမပျိုလေးတစ်ဦးလို လှသွေးကြွယ်နေတဲ့ပုံလေးတွေကို တင်ပေးလာခဲ့ပါတယ်။ ကဲ.....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။


သတင်း အရင်းအမြစ်៖ Nansu Yati Soe's Facebook acc





