မင်းသားချော နိုင်းနိုင်းကတော့ အနုပညာလောကမှာ တစ်ခေတ်တစ်ချိန်ကတည်းက ကျော်ကြားအောင်မြင်ခဲ့တဲ့ ပရိသတ်အချစ်တော်တစ်ဦးပဲ ဖြစ်ပါတယ် ။ ယနေ့အချိန်အထိတိုင်အောင် အနုပညာအလုပ်တွေကို လုပ်ကိုင်နေဆဲဖြစ်တဲ့ နိုင်းနိုင်းက အိမ်ထောင်ကျပြီး သား၊သမီးတွေတောင် ထွန်းကားခဲ့ပြီလည်း ဖြစ်ပါတယ် ။ သားတစ်ယောက်၊ သမီးသုံးယောက်တိတိ ပိုင်ဆိုင်ထားတဲ့ နိုင်းနိုင်းရဲ့မိသားစုဘဝလေးက အရမ်းကို အားကျချင်စရာကောင်းနေတာပဲ ဖြစ်ပါတယ် ။


လက်ရှိမှာတော့ နိုင်းနိုင်းက မြန်မာနိုင်ငံမှာ အနုပညာအလုပ်တွေကို ကြိုးစားပမ်းစား လုပ်ကိုင်နေတာဖြစ်ပြီး သူ့ရဲ့မိသားစုလေးကတော့ ပြည်ပမှာနေထိုင်နေတာ ဖြစ်ပါတယ် ။ နိုင်းနိုင်းရဲ့ဇနီးချောလေးဖြစ်တဲ့ စန္ဒီချိုကပဲ ခင်ပွန်းကိုယ်စား ကလေးတွေကို ရင်အုပ်မကွာ ပြုစုစောင့်ရှောက်ပေးနေတာ ဖြစ်ပါတယ် ။ စန္ဒီချိုက ကလေး(၄) ယောက်မွေးဖွားထားတဲ့ မိခင်တစ်ဦးဖြစ်ပေမယ့်လည်း အရွယ်တင်နုပျိုပြီး အစွမ်းကုန်လှသွေးကြွယ်နေတာ ဖြစ်ပါတယ် ။


ကိုယ်ပိုင်စတိုင်လ်လေးနဲ့ အထာကျကျနေထိုင်တတ်တဲ့ စန္ဒီချိုက အခုလည်း အမိုက်စားပုံစံနဲ့ Tik Tok ကစားပြထားတာ ဖြစ်ပါတယ် ။ English သီချင်းလေးတစ်ပုဒ်နဲ့ ဟန်ပန်အမူအရာတွေလုပ်ပြနေတဲ့ စန္ဒီချိုရဲ့ပုံစံလေးကတော့ ချစ်ခင်ပွန်းနိုင်းနိုင်းကို ကြွေသွားစေလောက်တာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသားချောနိုင်းနိုင်းရဲ့ချစ်ဇနီးချောလေး စန္ဒီချိုရဲ့Tik Tok ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source & Video Credit-Sandy Cho's FB Acc







