တစ်ဦးတည်းသောမိသားစုဝင်ဖြစ်ပြီးကွယ်လွန်သွားပြီဖြစ်တဲ့ အဖွားကိုလွမ်းဆွတ်သတိရနေကာအထီးကျန်စွာနေထိုင်ရကြောင်းရင်ဖွင့်လာတဲ့ ပိုပို

//s9.kh1.co/e1/e14f14368756abb2fb66e39923c8a79de96523d0.jpg
အနုပညာရှင်များ

 ၀၉-ဇန်-၂၀၂၁ ၁pm · လွန်ခဲ့သော ၅ နှစ် က

တစ်ဦးတည်းသောမိသားစုဝင်ဖြစ်ပြီးကွယ်လွန်သွားပြီဖြစ်တဲ့ အဖွားကိုလွမ်းဆွတ်သတိရနေပြီး အထီးကျန်စွာနေထိုင်ရကြောင်းရင်ဖွင့်လာတဲ့ ပိုပို

အဆိုတော်ပိုပိုကတော့ အောင်မြင်လျက်ရှိနေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေများစွာရဲ့ ချစ်ခင်အားပေးမှုကိုအခိုင်အမာရယူထားနိုင်ခဲ့ကာ အနုပညာအလုပ်တွေကို အချိန်တော်ကြာလုပ်ကိုင်လျက်ရှိနေတဲ့ အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။ အပြုံးချိုချိုလေးတွေကို ပိုင်ဆိုင်ထားတဲ့ သူမကတော့ ယခုမှာ တစ်ဦးတည်းသောမိသားစုဝင်ဖြစ်ပြီးကွယ်လွန်သွားပြီဖြစ်တဲ့ အဖွားဖြစ်သူကိုလွမ်းဆွတ်သတိရနေပြီး အထီးကျန်စွာနေထိုင်ရတဲ့အကြောင်းရင်ဖွင့်လာခဲ့ပါတယ်။

Photo Credit: ဝတ်ရည်မိုး's Facebook Acc
Photo Credit: ဝတ်ရည်မိုး's Facebook Acc
Photo Credit: ဝတ်ရည်မိုး's Facebook Acc
Photo Credit: ဝတ်ရည်မိုး's Facebook Acc

သူမကတော့ " ဒီနေ့ ခံစားချက်လေးတစ်ချို့ ရေးမယ်နော်ညပိုင်းအိမ်ရှေ့မှာ ထွက်လမ်းလျောက်ဖြစ်တော့ အထီးကျန်သလိုလိုကြီး အဘွားကို လွမ်းလိုက်တာ ညပိုင်း ပို အိမ်ပြန််မရောက်သေးရင် မအိပ်ပဲ စောင့်တဲ့ အဘွား ပို့ဘဝမှာ တစ်ဦးတည်းသော မိသားစု အဘွား မရှိတော့ တော်တော် ကမ္ဘာ ပျက်ခဲ့တာပေါ့နေ့တွေညတွေ အထီးကျန်မှုတွေက သိပ်ရက်စက်လွန်းတာပေါ့နော် ငယ်ငယ်က အိမ်ရှေ့မှာ ခရေပင်က ခရေပွင့်တွေက သိပ်မွှေးတာပဲ အဘွား နဲ့ နေခဲ့ရတဲ့အချိန်တွေက ဘဝရဲ့ အနွေးထွေးဆုံးအချိန်တွေပါပဲ "ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပ​​ဲဖြစ်ပါတယ်။

Photo Credit: ဝတ်ရည်မိုး's Facebook Acc
Photo Credit: ဝတ်ရည်မိုး's Facebook Acc
Photo Credit: ဝတ်ရည်မိုး's Facebook Acc
Photo Credit: ဝတ်ရည်မိုး's Facebook Acc

သူမကတော့ " အခုတော့ တစ်ယောက်တည်း နေတတ်ပါပြီ တိတ်တိတ်လေးတော့ ရင်ထဲ လွမ်းတယ် အဘွားရေမြေး တစ်ယောက်တည်း လေ အားလုံးက ကံ ပါပဲလေ နောင်ဘဝ မှာ လူဖြစ်ခဲ့ရင် မိသားစု စုံစုံလင်လင်နဲ့နေပါရစေ အားမငယ်ပါဘူးလွမ်းတဲ့ အကြောင်းရေးတာပါ "ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် အဆိုတော်ပိုပိုတို့မြေးအဖွားနှစ်ယောက်ရဲ့ အမှတ်တရပုံရိပ်လေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ပြီးအဆိုပါပုံရိပ်လေးတွေကို အောက်မှာကြည့်နိုင်ပါတယ်။

Source: ဝတ်ရည်မိုး's Facebook Acc

Photo Credit: ဝတ်ရည်မိုး's Facebook Acc
Photo Credit: ဝတ်ရည်မိုး's Facebook Acc
Photo Credit: ဝတ်ရည်မိုး's Facebook Acc
Photo Credit: ဝတ်ရည်မိုး's Facebook Acc
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T