မိသားစုစားဝတ်နေရေးအတွက် အိမ်ရှေ့လေးမှာ ဈေးဆိုင်ဖွင့်ပြီး ဒိုးတူပေါင်ဖက်လုပ်ကိုင်စားသောက်နေကြတဲ့ ဝိုင်းချစ်တို့မိသားစု

//s9.kh1.co/02/0265d177f76ce6a2a4b9402cbbdaa826b8549bfb.jpg
အနုပညာရှင်များ

 ၀၉-ဇန်-၂၀၂၁ ၁pm · လွန်ခဲ့သော ၅ နှစ် က

မိသားစုစားဝတ်နေရေးအတွက် အိမ်ရှေ့လေးမှာ ဈေးဆိုင်ဖွင့်ပြီး ဒိုးတူပေါင်ဖက်လုပ်ကိုင်စားသောက်နေကြတဲ့ ဝိုင်းချစ်တို့မိသားစု

ပရိသတ်ကြီးရေ လူရွှင်တော်ဝိုင်းချစ်ကတော့ အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်နော်။ဝိုင်းချစ်က ဟာသဉာဏ်ရွှင်ပြီး ပရိသတ်တွေကို ရယ်မောအောင်တင်ဆက်နိုင်လို့ စွယ်စုံရအနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ဝိုင်းချစ်က အခုလက်ရှိအချိန်မှာတော့ အနုပညာအလုပ်တွေနည်းပါးနေတာကြောင့် မိသားစုစားဝတ်နေရေးအတွက် တစ်ပိုင်တစ်နိုင်စီးပွားရေးလေးတွေလုပ်ဆာင်နေတာဖြစ်ပါတယ်နော်။

Photo Credit:Aung Khine Soe's Facebook Account

ဝိုင်းချစ်ရဲ့ကလေးတွေအကုန်လုံးကလည်း လိမ္မာရေးခြားရှိပြီး သားကြီးလေးဆိုရင် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ဂုဏ်ထူးနဲ့အောင်မြင်လာတာဖြစ်ပါတယ်။ဝိုင်းချစ်တို့ဇနီးမောင်နှံက ကလေးတွေကို ပညာအမွေပေးပြီး ရင်အုပ်မကွာစောင့်ရှောက်ပေးနေကြတာဖြစ်ပါတယ်နော်။ဝိုင်းချစ်ရဲ့ဇနီးသည်ကလည်း အိမ်ရှင်မကောင်းတစ်ယောက်ပီသလို့ မိသားစုရဲ့ဝေယျာဝစ္စတွေကို မလစ်ဟင်းအောင် ဆောင်ရွက်‌နိုင်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။

Photo Credit:Aung Khine Soe's Facebook Account
Photo Credit:Aung Khine Soe's Facebook Account
Photo Credit:Aung Khine Soe's Facebook Account
Photo Credit:Aung Khine Soe's Facebook Account

ဝိုင်းချစ်တို့မိသားစုလေးက အေးအတူပူအမျှနဲ့လက်တွဲနေထိုင်နေကြပြီး မရှိအတူ၊ရှိအတူနဲ့ ဘဝကိုပျော်ပျော်ပါးပါးဖြတ်သန်းနေကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း ဝိုင်းချစ်တို့က အိမ်ရှေ့လေးမှာ ဈေးဆိုင်တည်ပြီး ဒိုးတူပေါက်ဖက်လုပ်ကိုင်စားသောက်နေကြတာဖြစ်ပါတယ်။ဝိုင်းချစ်တို့ဇနီးမောင်နှံနှစ်ယောက်ကတော့ မောင်တစ်ထမ်း၊မယ်တစ်ရွက်လိုပုံစံမျိုးနဲ့ မိသားစုဘဝလေးကို သာယာလှပစွာတည်ဆောက်ထားကြတာဖြစ်ပါတယ်နော်။ 

Photo Credit:Aung Khine Soe's Facebook Account
Photo Credit:Aung Khine Soe's Facebook Account
Photo Credit:Aung Khine Soe's Facebook Account
Photo Credit:Aung Khine Soe's Facebook Account
Photo Credit:Aung Khine Soe's Facebook Account
Photo Credit:Aung Khine Soe's Facebook Account

Source&Photo Credit:Aung Khine Soe's Facebook Account

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T