သမီးယောင်းမနှစ်ယောက် အရမ်းချစ်ကြလို့ ယောင်းမဖြစ်သူစန္ဒီချိုရဲ့မွေးနေ့‌‌ကို နှစ်တိုင်းမပျက်မကွက် ဆုတောင်းပေးတတ်တဲ့ နိုင်းနိုင်းရဲ့ညီမလေး

//s9.kh1.co/88/88187b35e8f0169aaccaf66529abea6e10a606d1.jpg
အနုပညာရှင်များ

 ၀၉-ဇန်-၂၀၂၁ ၉am · လွန်ခဲ့သော ၅ နှစ် က

သမီးယောင်းမနှစ်ယောက် အရမ်းချစ်ကြလို့ ယောင်းမဖြစ်သူစန္ဒီချိုရဲ့မွေးနေ့‌‌ကို နှစ်တိုင်းမပျက်မကွက် ဆုတောင်းပေးတတ်တဲ့ နိုင်းနိုင်းရဲ့ညီမလေး

ပရိသတ်ကြီးရေ ရုပ်ရှင်သရုပ်ဆောင်နိုင်းနိုင်းကတော့ အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ကိုင်နေဆဲဖြစ်ပြီး ယနေ့အချိန်ထိတိုင် ခန့်ညားတဲ့ရုပ်ရည်ကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။နိုင်းနိုင်းက ကလေး(၄)ယောက်ရဲ့ဖခင်ဖြစ်ပြီး ချစ်ဇနီးချောလေးနဲ့အတူ ပျော်ရွှင်စရာမိသားစုဘဝလေးကို တည်ဆောက်ထားတာဖြစ်ပါတယ်နော်။နိုင်းနိုင်းရဲ့မိသားစုလေးကတော့ နယူးယောက်မှာ နေထိုင်ကြပြီး နိုင်းနိုင်းကတော့ မြန်မာပြည်နဲ့နယူးယောက်ကို အိမ်ဦးနဲ့ကြမ်းပြင်လို သွားလာနေတာဖြစ်ပါတယ်။

Photo Credit:Phoo Phoo's Facebook Account
Photo Credit:Phoo Phoo's Facebook Account
Photo Credit:Sandy Cho's Facebook Account
Photo Credit:Sandy Cho's Facebook Account
Photo Credit:Phoo Phoo's Facebook Account
Photo Credit:Phoo Phoo's Facebook Account

နိုင်းနိုင်းရဲ့ချစ်ဇနီးလေးကတော့ ချစ်ခင်ပွန်းရဲ့အနုပညာအလုပ်တွေကိုလည်း  အပြည့်အဝနားလည်ပေးပြီး သူမတတ်နိုင်သလောက်ကို ကူညီဖေးမပေးတာဖြစ်ပါတယ်။ကလေး(၄)ယောက်လုံးရဲ့ ဝေယျာဝစ္စတွေလည်းလုပ်နိုင်တဲ့အပြင် စီးပွားရေးပါစွမ်းဆောင်နိုင်လို့ ဘက်စုံတော်တဲ့အမျိုးသမီးလေးကို နိုင်နိုင်းကရရှိထားတာဖြစ်ပါတယ်နော်။ဒီနေ့လေးဟာဆိုရင်တော့ စန္ဒီချိုရဲ့မွေးနေ့ရက်မြတ်လေးဖြစ်လို့ နိုင်းနိုင်းရဲ့ညီမချောလေး ဖူးဖူးက မွေးနေ့ဆုတောင်းပေးထားတာဖြစ်ပါတယ်။ 

Photo Credit:Sandy Cho's Facebook Account
Photo Credit:Sandy Cho's Facebook Account
Photo Credit:Phoo Phoo's Facebook Account
Photo Credit:Phoo Phoo's Facebook Account

စန္ဒီချိုနဲ့ဖူးဖူးတို့ရဲ့ သမီးယောင်းမဆက်ဆံရေးကလည်း အရမ်းအဆင်ပြေပြီး တကယ့်ညီအစ်မအရင်းတွေလိုမျိုး တိုင်တိုင်ပင်ပင်ရှိကြတာဖြစ်ပါတယ်။ဖူးဖူးကတော့ "Happy Birthdayပါ အစ်မ"ဆိုပြီး အမှတ်တရလေးတွေနဲ့အတူ ရေးသားထားတာဖြစ်ပါတယ်။ဖူးဖူးက ယောင်းမဖြစ်သူရဲ့မွေးနေ့ကို နှစ်တိုင်းမပျက်မကွက် ဆုတောင်းပေးတတ်ပြီး အရမ်းချစ်တာဖြစ်ပါတယ်နော်။စန္ဒီချိူရဲ့ယနေ့မွေးနေ့မှစပြီး နှစ်ပေါင်းများစွာတိုင်အောင် ချစ်တဲ့မိသားစုလေးနဲ့ ပျော်ရွှင်ကျန်းမာစွာနေထိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။ 

Photo Credit:Phoo Phoo's Facebook Account
Photo Credit:Phoo Phoo's Facebook Account
Photo Credit:Phoo Phoo's Facebook Account
Photo Credit:Phoo Phoo's Facebook Account
Photo Credit:Phoo Phoo's Facebook Account
Photo Credit:Phoo Phoo's Facebook Account

Source&Photo Credit:Phoo Phoo's Facebook Account

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T