မိသားစုတွေနဲ့တွေ့ဆုံရင်း နေချင်စရာကောင်းအောင် မီးရောင်စုံထွန်းထားပြီး (၅)ဧကလောက်ကျယ်တဲ့ ခင်လှိုင်ရဲ့ခြံကြီးထဲကို လိုက်ပြခဲ့တဲ့ ဂွမ်းပုံရဲ့ live ဗီဒီယို

//s9.kh1.co/61/6136868252175e04c8540e04effe648c2d1549b4.jpg
အနုပညာရှင်များ

 ၀၉-ဇန်-၂၀၂၁ ၉am · လွန်ခဲ့သော ၅ နှစ် က

.

အနုပညာလောကမှာ ဟာသဇာတ်ရုပ်တွေလေး နဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝသိမ်းပိုက်ထားနိုင်သူကတော့ ဂွမ်းပုံလေး ဖြစ်ပါတယ်။ ဂွမ်းပုံ ဟာ သရုပ်ဆောင်ပိုင်းမှာလည်း ဘယ်လို ဇာတ်ရုပ်တွေမဆို သဘာဝကျကျ ပီပြင်အောင် အကောင်းဆုံးကြိုးစား သရုပ်ဆောင်ချက်တွေကြောင့်လည်း အနုပညာလောကမှာ နေရာတစ်နေရာကို အခိုင်မာ ရပ်တည်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ ယနေ့အချိန်မှာတော့ သူမရဲ့ စိတ်သဘောထားပြည့်ဝပြီး အကောင်းဆုံးကြိုးစားမှုတွေကြောင့်လည်း အကယ်ဒမီဆုကို ထိုက်ထိုက်တန်တန် ရရှိထားတာဖြစ်ပါတယ်။

Photo Credit- တက္ကသိုလ်ဂွမ်းပုံ fb page
Photo Credit- တက္ကသိုလ်ဂွမ်းပုံ fb page
Photo Credit- တက္ကသိုလ်ဂွမ်းပုံ fb page
Photo Credit- တက္ကသိုလ်ဂွမ်းပုံ fb page

လတ်တလော ကပ်ရောဂါကာလလေးမှာလည်း ပြည်သူချစ် ဂွမ်းပုံ ကတော့ အနုပညာအလုပ်တွေကို ခဏတာ ရပ်နားထားပြီး ချစ်ရတဲ့ သူတွေနဲ့ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေထိုင်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် သူမကတော့ ကပ်ရောဂါ တိုက်ဖျက်ရေး အချိန်လာလလေးမှာ ပရိသတ်တွေနဲ့ အဆက်သွယ် မပြတ်သွားအောင်လည်း သူမရဲ့လှုပ်ရှားမှု ပုံရိပ်လေးတွေကို အမြဲဖော်ပြပေးတာကို တွေ့ရပါတယ်။ ယခုတစ်ခါမှာလည်း ဂွမ်းပုံ က ပရိသတ်တွေအတွက် အံ့သြပျော်ရွှင်စရာ live လေးတစ်ခု လွှင့်ခဲ့ပါတယ်။

Photo Credit- တက္ကသိုလ်ဂွမ်းပုံ fb page
Photo Credit- တက္ကသိုလ်ဂွမ်းပုံ fb page
Photo Credit- တက္ကသိုလ်ဂွမ်းပုံ fb page
Photo Credit- တက္ကသိုလ်ဂွမ်းပုံ fb page

ဒီ liveလေးကတော့ ဂွမ်းပုံက မန္တလေးကမိသားစုတွေနဲ့အတူ မှော်ဘီက ၅ဧက လောက်ရှိတဲ့ ခင်လှိုင်ရဲ့ ခြံအကျယ်ကြီးထဲမှာ သွားရောက်လည်ပတ်ရင်း ပရိသတ်တွေအတွက် ပြသခဲ့တာဖြစ်ပါတယ်။ ခြံကြီးထဲမှာတော့ နေချင်စရာကောင်းလောက်အောင် မီးရောင်စုံထွန်းထားပြီး မိသားစုတွေ စုံစုံလင်လင်နဲ့ ဝိုင်းဖွဲ့ကာ စားသောက်နေကြတာကတော့ ပျော်ရွှင်စရာကောင်းလောက်ပါတယ်။ ပရိသတ်တွေလည်း ဂွမ်းပုံ ရဲ့ live ဗီဒီယိုလေးကို သဘောကျမယ်လို့မျှော်လင့်မိပါတယ်။

သတင်း အရင်းအမြစ် Source - တက္ကသိုလ်ဂွမ်းပုံ fb page

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T