ချစ်ဇနီးလေးကိုယ်တိုင် လှူဒါန်းဆောက်လုပ်ထားတဲ့ ကျေးလက်တောရွာက စာကြည့်တိုက်လေးကိုကြည့်ပြီး ကြည်နူးပီတိဖြစ်နေတဲ့ လင်းလင်း

//s9.kh1.co/8e/8e5803543cb2ed0f09c539c57dcd4b4ef6fa8d5c.jpg
အနုပညာရှင်များ

 ၀၈-ဇန်-၂၀၂၁ ၁၀pm · လွန်ခဲ့သော ၅ နှစ် က

..

ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ပရိသတ်အခိုင်အမာနဲ့အောင်မြင်မှုတွေများစွာ ရိုက်ကူးထားပြီး ကြည်နူးအားကျစရာမိသားစုဘဝလေးကို ပိုင်ဆိုင်ဖြတ်သန်းနေတဲ့ အနုပညာရှင်ဆယ်လီစုံတွဲလေးကတော့ လင်းလင်းနဲ့ ချစ်သူဝေတို့ပဲ ဖြစ်ပါတယ်နော်..။

တစ်ယောက်ကိုတစ်ယောက် မြတ်နိုးကြင်နာကြတဲ့အပြင် လေးစားချစ်ခင်မှုတွေကိုလည်း မြင်တွေ့ရတဲ့ သူတို့မိသားစုလေးဟာ မြင်သူတိုင်းကိုလည်း အေးချမ်းမှုနဲ့အပျော်လေးတွေ ကူးစက်စေတာကိုလည်း တွေ့ရပါတယ်နော်..။

Photo Credit - Htwe Lynn Ko's Fb Acc
Photo Credit - Htwe Lynn Ko's Fb Acc
Photo Credit - Htwe Lynn Ko's Fb Acc
Photo Credit - Htwe Lynn Ko's Fb Acc

ချစ်စရာကောင်းသလို ပျော်ရွှင်ကြည်နူးစရာလည်း ကောင်းလွန်းတဲ့မိသားစုပုံရိပ်လေးတွေနဲ့အချစ်ပိုစေကာ သမီးလေးတွေရဲ့နာမည်လေးတွေနဲ့ "ခေတ်သစ်"ဖောင်ဒေးရှင်းကိုလည်း တည်ထောင်ထားကာ ပရဟိတအလုပ်တွေနဲ့ လှူဒါန်းမှုလေးတွေကိုလည်း ပြုလုပ်နေတာပါ..။

အနုပညာလှုပ်ရှားမှုလေးတွေနဲ့ ခေတ်သစ်ဖောင်ဒေးရှင်းရဲ့ လှုပ်ရှားမှုလေးတွေကိုပါ အသိပေးမျှဝေတတ်ကြသလို အခုတစ်ခါမှာလည်း ကျေးလက်တောရွာလေးမှာ စာကြည့်တိုက်လေး ဆောက်လှူလှူဒါန်းခဲ့ပြန်ပါတယ်နော်..။

Photo Credit - Htwe Lynn Ko's Fb Acc
Photo Credit - Htwe Lynn Ko's Fb Acc
Photo Credit - Chit Thu Wai's Fb Acc
Photo Credit - Chit Thu Wai's Fb Acc
Photo Credit - Htwe Lynn Ko's Fb Acc
Photo Credit - Htwe Lynn Ko's Fb Acc

လင်းလင်းတစ်ယောက် ချစ်ဇနီးလေးကိုယ်တိုင် လှူဒါန်းဆောက်လုပ်ထားတဲ့ ကျေးလက်တောရွာက စာကြည့်တိုက်လေးကိုကြည့်ပြီး ကြည်နူးပီတိဖြစ်နေပြီး စာကြည့်တိုက်လေးရဲ့ ပုံရိပ်လေးတွေကိုလည်း ဝေမျှထားပါသေးတယ်နော်..။

"( Treza မွေးနေ့တုန်းက လှူဒါန်းခဲ့တဲ့ ကုန်းမြင့်သာရွာက

စာကြည့်တိုက်ကလေး ? )

Trezaမွေးနေ့တုန်းက ကိုယ့်အားကိုယ်ကိုးပရဟိတကျောင်း

၁၂ မိုင်၊ ကုန်းမြင့်သာကျေးရွာ

ကျောက်တံခါးမြို့နယ် မှာ စာကြည့်တိုက်လေး လှူဒါန်း ခဲ့ပါတယ်

ကလေးတွေပျော်စေဖို့ ကာတွန်းလေးတွေနံရံပတ်လည်မှာဆွဲစေချင်ခဲ့တဲ့စိတ်ကူးလေးကို ဖြစ်အောင်လုပ်အားကူညီခဲ့တဲ့ ကာတွန်းဆရာ ကိုသိန်းထွန်းဉီးကို အင်မတန်ကျေးဇူးတင်ပါတယ်

ကာတွန်းဇာတ်ကောင်လေးတွေရေးဆွဲခွင့်ပေးတဲ့ ဆရာကြီးများကိုလည်း ဒီနေရာကနေကျေးဇူးတင် ကန်တော့ပါရစေ?

ကာတွန်းဆရာကြီးဦးတင်အောင်နီရဲ့

ပြာဂလောင်ပြာလချောင်နှင့် သူငယ်ချင်းများ

ကာတွန်းဆရာကြီးဆွေမင်း(ဓနုဖြူ)ရဲ့

မြိုင်ရာဇာတွတ်ပီ၊ ဗိုက်ကလေး၊ မသေးမျှင်

ကာတွန်းဆရာကြီးဦးသစ်ထွဏ်းရဲ့

မောင်တီထွင်နှင့် ဂြိုလ်သားလေး ပီစိကွေး

ကာတွန်းပိုးဇာရဲ့

မောင်မောင်ဇာ၊လေးမွန်၊ထွေးမွန်၊ ရွှေအိ၊ ရွှေဘုတ်

ကာတွန်းမင်းဇော်ရဲ့

ဘိုဘို၊ အီးတီနှင့် သူငယ်ချင်းများ...

အတွက် ကျေးဇူးအထူးတင်ရှိပါတယ်???

"ခေတ်သစ် စာကြည့်တိုက်လေး" မှာကလေးတွေ ပျော်ရွှင်စွာ ပညာတွေရှာဖွေနိုင်ပါစေ?.. ဆိုပြီး ကျေးဇူးတင်စကားလေးနဲ့အတူ ဝေမျှထားတာပါနော်..။

Photo Credit - Htwe Lynn Ko's Fb Acc
Photo Credit - Htwe Lynn Ko's Fb Acc
Photo Credit - Htwe Lynn Ko's Fb Acc
Photo Credit - Htwe Lynn Ko's Fb Acc
Photo Credit - Htwe Lynn Ko's Fb Acc
Photo Credit - Htwe Lynn Ko's Fb Acc

သတင်း အရင်းအမြစ် Htwe Lynn Ko's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T