စိန်စိန့်ဆီက တစ်ခါမှမကြားဖူးတဲ့စကားကို (၅)ကြိမ်တိုင်တိုင်ကြားလိုက်ရလို့ အရမ်းအံ့အားသင့်သွားခဲ့ရပြီး ဆေးထိုးလိုက်ပြန်တဲ့ ဦးဇေသီဟ

//s9.kh1.co/d6/d647812167f91f794185794af159f05d155ba995.jpg
အနုပညာရှင်များ

 ၀၈-ဇန်-၂၀၂၁ ၄pm · လွန်ခဲ့သော ၄ နှစ် က

စိန်စိန့်ဆီက တစ်ခါမှမကြားဖူးတဲ့စကားကို (၅)ကြိမ်တိုင်တိုင်ကြားလိုက်ရလို့ အရမ်းအံ့အားသင့်သွားခဲ့ရတဲ့ ဦးဇေသီဟ

ပရိသတ်ကြီးရေ အကယ်ဒမီနန္ဒာလှိုင်ကတော့ ခင်ပွန်းကောင်းကို ပိုင်ဆိုင်ထားလို့ အရမ်းကံကောင်းတဲ့အမျိုးသမီးတစ်ယောက်ပဲဖြစ်ပါတယ်နော်။နန္ဒာလှိုင်ရဲ့မိသားစုဘဝလေးက သာယာချမ်းမြေ့တာကြောင့် ပရိသတ်အများအပြားက အားကျချစ်ခင်နေရတာဖြစ်ပါတယ်။ဦးဇေသီဟကလည်း ချစ်ဇနီးချောလေးကို အရမ်းချစ်လွန်းလို့ စိတ်ချမ်းသာအောင်ထားပေးပြီး ပြောသမျှစကားတွေကိုလည်း နားထောင်ပေးပါတယ်နော်။နန္ဒာလှိုင်တို့ဇနီးမောင်နှံနှစ်ယောက်က စိတ်တူကိုယ်တူနဲ့ ပေါင်းသင်းနေထိုင်လာကြတာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်ပါတယ်။

Photo Credit:Zay Thiha's FB acc
Photo Credit:Zay Thiha's FB acc
Photo Credit:Sein Phyo Hlaing's Facebook Account
Photo Credit:Sein Phyo Hlaing's Facebook Account
Photo Credit:Sein Phyo Hlaing's Facebook Account
Photo Credit:Sein Phyo Hlaing's Facebook Account

နန္ဒာလှိုင်က အနုပညာအလုပ်တွေကို လုံးဝရပ်နားထားပြီး မိသားစုကိုသာအချိန်ပြည့် ဂရုစိုက်ပေးနေတာဖြစ်ပါတယ်။နန္ဒာလှိုင်ရဲ့မောင်လေး စိန်ဖြိုးလှိုင်ကတော့ ယောက်ဖဖြစ်သူဦးဇေသီဟနဲ့ အလုပ်တွေအတူတူလုပ်ကိုင်ပြီး အရမ်းစည်းလုံးကြတာဖြစ်ပါတယ်။ဦးဇေသီဟကလည်း စိန်စိန့်ကို အမြဲဆေးထိုးပြီး စနောက်တတ်လို့ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကို ပရိသတ်တွေကလည်း သဘောကျနေကြတာဖြစ်ပါတယ်နော်။အခုဆိုရင်လည်း ဦးဇေသီသက စိန်စိန့်ကို ထပ်ပြီး ဆေးထိုးလိုက်သေးတာဖြစ်ပါတယ်။ 

Photo Credit:Zay Thiha's FB acc
Photo Credit:Zay Thiha's FB acc
Photo Credit:Sein Phyo Hlaing's Facebook Account
Photo Credit:Sein Phyo Hlaing's Facebook Account

ဦးဇေသီဟက"စိန်ဖြိုးဆီက တစ်ခါမှ မကြားဖူးတဲ့ စကား ... ဒီနေ့  ၄ ကြိမ်ပြောတာ နားထောင်လိုက်ရတယ်။သူမင်္ဂလာဆောင်ရင် ဘယ်လို ပြင်ဆင်မယ် ဆိုတဲ့အကြောင်းပဲ ပြောနေတယ်.... နီးနေပြီထင်ပါတယ်။"ဆိုပြီး ယောက်ဖဖြစ်သူရဲ့ပြောစကားကို လူမှုကွန်ယက်ပေါ်မှာ အမှတ်တရအနေနဲ့ တင်လိုက်တာဖြစ်ပါတယ်။ပရိသတ်တွေကလည်း စိန်စိန်နဲ့ဦးဇေသီဟတို့ရဲ့အရမ်းတည့်ကြတဲ့ဆက်ဆံရေးကို အရမ်းအားကျနေကြတာဖြစ်ပါတယ်။ဦးဇေသီဟကလည်း ယောက်ဖကို ကြုံရင်ကြုံသလိုဆေးထိုးပြီး အမြဲပျော်ပျော်နေတတ်လို့ အခုတစ်ခါဆေးထိုးလိုက်ပုံကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Zay Thiha's FB acc
Photo Credit:Zay Thiha's FB acc
Photo Credit:Zay Thiha's FB acc
Photo Credit:Zay Thiha's FB acc
Photo Credit:Zay Thiha's FB acc
Photo Credit:Zay Thiha's FB acc

Source&Photo Credit:Zay Thiha's FB acc

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T