Miss Universe Myanmar 2020ဆုရှင်ဖြစ်တဲ့ မော်ဒယ်လ်သူဇာဝင့်လွင် ကတော့ အဆိုတော်မေရဲ့ တစ်ဦးတည်းသော ချစ်ညီမလေးတစ်ယောက်ဖြစ်ပြီး ချစ်စရာကောင်းတဲ့အပြုံးလေးတွေကို ပိုင်ဆိုင်ထားကာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို စတင်လုပ်ကိုင်နေပြီဖြစ်တဲ့သူမကတော့ ယခုမှာ ရင်သားကင်ဆာ ကာကွယ်ရေးအတွက် ပါဝင်လှုပ်ရှားရင်း ပရဟိတအလုပ်တွေကို ကြိုးကြိုးစားစားနဲ့လုပ်ဆောင်နေခဲ့ပါတယ်။


သူမကတော့ "ရင်သားကင်ဆာရောဂါဟာ ကမ္ဘာပေါ်မှာ ဒုတိယအဖြစ်များဆုံး ရောဂါတစ်ခုဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ ရင်သားကင်ဆာကာကွယ်ရေး အဖွဲ့အစည်းတစ်ခုရဲ့ ထုတ်ပြန်ချက်အရ ကမ္ဘာပေါ်ရှိ အမျိုးသမီး ၈ဦးမှာ ၁ဦးဟာ ရင်သားကင်ဆာရောဂါခံစားရပြီး အသက်ဆုံးရှုံးလျက် ရှိနေပါတယ်။အမျိုးသမီးတွေတင်မကပဲ အချို့သောအမျိုးသားတွေမှာလည်း ရင်သားကင်ဆာဖြစ်ပွားနိုင်ပါတယ် ဒါပေမယ့် ရင်သားကင်ဆာရောဂါဟာ စောစီးစွာ သိရှိပါက ကုသပျောက်ကင်းဖို့ ၉၀ရာခိုင်နှုန်းထိရှိပါတယ်"ဆိုပြီး လူမှုကွန်ယက်စာမျက်မှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။



သူမကတော့ " ဒါကြောင့် ညီမကရင်သားကင်ဆာ ကာကွယ်ရေးဆောင်ရွက်မှုတွေမှာ ပါဝင်လှုပ်ရှားရန်အတွက် ရွှေရောင်နှင်းဆီကင်ဆာဖောင်ဒေးရှင်း၏ဥက္ကဌဖြစ်သူ ပါမောက္ခ ဒေါ်ရင်ရင်ထွန်း၊ ပန်းရောင်နှင်းဆီရင်သားကင်ဆာ လူနာစောင့်ရှောက်သူများအဖွဲ့မှ ဥက္ကဌ ဒေါက်တာဒေါ်ခင်သီရိတို့နှင့် သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ပါတယ် " ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် Miss Universe Myanmar 2020ဆုရှင်ဖြစ်တဲ့သူဇာဝင့်လွင်ရဲ့ ချစ်စရာပုံရိပ်လေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါပုံရိပ်လေးတွေကို အောက်မှာကြည့်နိုင်ပါတယ်။
Source : thuzar wint lwin ' s Facebook page







