ပရိသတ်ကြီးရေ အကယ်ဒမီနန္ဒာလှိုင်ကတော့ သမီးသုံးယောက်ရဲ့မိခင်ဖြစ်ပြီး သာယာလှပတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်နော်။နန္ဒာလှိုင်ရဲ့ချစ်ခင်ပွန်း ဦးဇေသီဟကလည်း မိသားစုကို အမြဲပျော်ရွှင်အောင်ထားပေးတဲ့ယောက်ျားကောင်းတစ်ယောက်ဖြစ်ပါတယ်။နန္ဒာလှိုင်က အနုပညာအလုပ်တွေကို လုံးဝရပ်နားလိုက်ပြီး စီးပွားရေးနဲ့မိသားစုကိစ္စတွေကိုသာ မလစ်ဟင်းအောင် ဆောင်ရွက်နေတာဖြစ်ပါတယ်။နန္ဒာလှိုင်တို့မိသားစုလေးကတော့ ပရိသတ်တွေချစ်ရတဲ့ အနုပညာရှင်မိသားစုတွေထဲမှာ တစ်စုအပါအဝင်ဖြစ်ပါတယ်နော်။



နန္ဒာလှိုင်ကတော့ သမီးသုံးယောက်ရဲ့မိခင်လို့ထင်ရက်စရာမရှိအောင် လှပချောမောပြီး ငယ်ငယ်တုန်းကလိုနုပျိုနေဆဲဖြစ်ပါတယ်။နန္ဒာလှိုင်က အလှူအတန်းလည်း အရမ်းရက်ရောတာကြောင့် နိုင်ငံတော်ကချီးမြှင့်တဲ့ သီရိသုဓမ္မသိင်္ဂီဘွဲ့ကိုလည်း လွန်ခဲ့တဲ့နှစ်က ရရှိထားတာဖြစ်ပါတယ်။နန္ဒာလှိုင်ကတော့ ဘွဲ့ထူး၊ဂုဏ်ထူးတွေ ပိုင်ဆိုင်ထားပေမယ့် ရိုးရိုးရှင်းရှင်းသာ နေထိုင်တတ်ပြီး စိတ်သဘောထားပြည့်ဝလို့ လူတိုင်းကချစ်ခင်အားကျနေကြတာဖြစ်ပါတယ်နော်။


ဦးဇေသီဟကလည်း ချစ်ဇနီးလေးနန္ဒာလှိုင်ကို အရမ်းချစ်ပြီး အမြဲကြင်နာယုယပေးတာဖြစ်ပါတယ်။နန္ဒာလှိုင်တို့ဇနီးမောင်နှံနှစ်ယောက်က စိတ်တူကိုယ်တူရှိကြပြီး တိုင်တိုင်ပင်ပင်လည်း ပြောဆိုကြလို့ ရှေ့သွားနောက်လိုက်ညီတဲ့ စုံတွဲလေးပဲဖြစ်ပါတယ်။အခုဆိုရင်တော့ ဦးဇေသီဟက နန္ဒာလှိုင်ရဲ့ငယ်ငယ်တုန်းကပုံလေးတွေကို တစိမ့်စိမ့်ပြန်ကြည့်ပြီး ချစ်လွန်းလို့ အာဘွားအခါတစ်သိန်းပေးလိုက်တာဖြစ်ပါတယ်။နန္ဒာလှိုင်ကလည်း ဘယ်အချိန်ကြည့်ကြည့် မရိုးသွားနိုင်တဲ့အလှအပတွေကို ပိုင်ဆိုင်ထားလို့ သူမရဲ့ငယ်ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။



Source&Photo Credit: Nandar Hlaing's Facebook Account &Zay Thiha's FB acc





