ဟန်ပန်အမူအရာတွေမရှိဘဲ ထမိန်တိုတိုဝတ်ပြီးသနပ်ခါးပါးကွက်ကြားလေးနဲ့ လွတ်လပ်ရေးနေ့က ကစားနည်းမျိုးစုံဆော့ကစားခဲ့တဲ့ ဟန်တီ

//s9.kh1.co/37/375d7224c8ff64276c89514562e01f12710301a4.jpg
အနုပညာရှင်များ

 ၀၇-ဇန်-၂၀၂၁ ၆pm · လွန်ခဲ့သော ၄ နှစ် က

..

အနုပညာလမ်းကြောင်းမှာ အသက်ငယ်ငယ်လေးနဲ့ အောင်မြင်ရဲဝင့်စွာလျှောက်လှမ်းကာ ပရိသတ်အချစ်တွေအခိုင်အမာရရဗိထားတဲ့ ပြည်သူ့အချစ်တော်အနုပညာရှင်ဆယ်လီတွေထဲမှာ မော်လ်ဒယ်အလှမယ် မင်းသမီးချောလေး ဟန်တီကလည်း အပါအဝင်ပါပဲ..။

ဆွဲဆောင်မှုတွေနဲ့ ကျော့ရှင်းတဲ့အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ ဟန်တီလေးကတော့ ပုရိသပရိသတ်တွေအများဆုံးရရှိထားကာ အနုပညာအလုပ်တွေအပြင် သူမရဲ့လှုပ်ရှားမှုလေးတွေကိုလည်း ပရိသတ်တွေကိုအမြဲမျှဝေလေ့ရှိသူလေးပါ..။

Photo Credit - Han Thi's Fb Acc
Photo Credit - Han Thi's Fb Acc
Photo Credit - Han Thi's Fb Acc
Photo Credit - Han Thi's Fb Acc

အလှူအတန်းတွေကိုလည်း မကြာခဏပြုလုပ်ကုသိုလ်ယူတတ်သလို လူငယ်ပီပီလွတ်လွတ်လပ်လပ်လေး ပျော်ပျော်နေတတ်တဲ့ ဟန်တီလေးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ(၄)ရက်နေ့ လွတ်လပ်ရေးနေ့ကလည်း ကစားနည်းစုံဆော့ကစားကာ အပျော်လေးတွေ ဖန်တီးခဲ့ပါတယ်နော်..။

(၇၃)ကြိမ်မြောက် လွတ်လပ်ရေးနေ့လေးကို ဂုဏ်ပြုကြိုဆိုရင်း ဟန်ပန်အမူအရာတွေမရှိဘဲ ထမိန်တိုတိုဝတ်ပြီးသနပ်ခါးပါးကွက်ကြားလေးနဲ့ ကစားနည်းမျိုးစုံ ဆော့ကစားကာ ကလေးငယ်လေးတစ်ယောက်လို ရယ်မောပျော်ရွှင်နေတဲ့ သူမရဲ့ပုံရိပ်လေးတွေကတော့ တကယ်ကို ချစ်စရာကောင်းလွန်းပါတယ်နော်..။

Photo Credit - Han Thi's Fb Acc
Photo Credit - Han Thi's Fb Acc
Photo Credit - Han Thi's Fb Acc
Photo Credit - Han Thi's Fb Acc
Photo Credit - Han Thi's Fb Acc
Photo Credit - Han Thi's Fb Acc

"(၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်ရှင်...

ဘာကစားနည်းကစားကြလဲ သိလား?

-Han Thi❤️❤️❤️.." ဆိုပြီး ဂုဏ်ပြုစကားလေးနဲ့အတူ ပျော်ရွှင်စွာဆော့ကစားခဲ့ကြတဲ့ အမှတ်တရပုံရိပ်လေးတွေကို ဟန်တီက ပြန်လည်ဝေမျှထားတာပါ..။

ချစ်စရာကောင်းပြီး ဟန်ပန်တွေမပိုဘဲ လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးလေး ဆော့ကစားရင်း ပျော်နေတဲ့ အချစ်တော်ဟန်တီလေးရဲ့ ပုံရိပ်လေးတွေကိုတော့ ပရိသတ်တွေလည်းသဘောကျအချစ်ပိုနေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်..။

Photo Credit - Han Thi's Fb Acc
Photo Credit - Han Thi's Fb Acc
Photo Credit - Han Thi's Fb Acc
Photo Credit - Han Thi's Fb Acc

သတင်း အရင်းအမြစ်Han Thi's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T