ပရိသတ်ကြီးရေဒီတစ်ခါမှာတော့ စကားပြောလေးချိုသာပြီး ချစ်စရာကောင်းတဲ့အပြုံးပိုင်ရှင်လေး ကတော့သရုပ်ဆောင် ဆောင်းဝတ်ရည်မေပဲဖြစ်ပါတယ်။သူမကဇာတ်လမ်းတွဲ များစွာကိုရိုက်ကူးနေ ပြီး သရုပ်ဆောင်ပိုင်းမှာလည်းကျရာဇာတ်ရုပ်များကို ပီပီပြင်ပြင်နဲ့သရုပ်ဆောင်နိုင်သူ တစ်ယောက်ဆိုလည်းမမှားပါဘူးနော်။ သူမရဲ့ ဇာတ်လမ်းတွဲများကလည်းအောင်မြင်ကျော်ကြား လူကြိုက်များလာခဲ့ပါတယ်။ချစ်စရာကောင်းတဲ့မျက်နှာလေးကြောင့်လည်း ပရိသတ်တွေအသဲစွဲ ချစ်နေရသူလေးတစ်ယောက်လည်းဖြစ်ပါတယ်။


သူမဟာဒီနေ့မှာလည်းအဝါရောင်ပန်းခင်းတွေကြားထဲမှာ အပြစ်ပြောစရာမရှိအောင်လှရက်နေပြီး မြင်သူတကာငေးလောက်တဲ့ အလှတရားတွေကိုပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်သလို အဆီပိုမရရှိပဲကျစ်လျစ်တဲ့ ကိုယ်လုံးလေးကြောင့်လည်းမိန်းကလေးပရိသတ်တွေ အားကျနေရသူလေး တစ်ယောက်လည်းဖြစ်ပါတယ်။အဝါရောင်ပန်းလေးတွေနဲ့အပြိုင်အဆိုင်လှပေနေသူလေး ကတော့ပရိသတ်တွေရဲ့ အချစ်တော်လေး ဆောင်းဝတ်ရည်မေပဲဖြစ်ပါတယ်။


သူမရဲ့ ဖေ့ဘုတ်ကွန်ယက်စာမျက်နှာပေါ်မှာလည်း ချစ်စရာကောင်းတဲ့ အလှဓာတ်ပုံလေးတွေကို အမြဲတင်ပေးလေ့ရှိသလို ဖက်ရှင်များကိုလည်း ခေတ်ရေစီးကြောင်းနှင့်အညီလိုက်ဖက်အောင်ဝတ်စား တတ်သူလေးတစ်ယောက်လည်းဖြစ်ပါတယ်။” လွမ်းစေဖို့ရယ် တမင်တကာဖန်တီးတယ်ဒီဆောင်းနေ့တွေ ... ဒီဆောင်းညတွေ ရှည်လွန်းတယ် .... Good morning ချစ်သူ ☀️” ဆိုပြီးကဗျာစာတိုလေးနဲ့
ရေးသားထားတာပဲ ဖြစ်ပါတယ်။ကဲ …………ချစ်ပရိသတ်ကြီးအတွက် ဆောင်းဝတ်ရည်မေရဲ့ ပုံလေးတွေကို ပြန်လည်ကြည့်ရှု့လို့ရအောင်ဖော်ပြပေးလိုက်ပါတယ်နော်။


သတင်း အရင်းအမြစ်៖ Hsaung Wutyee May( FB Account)





