မိသားစုပိုင်တဲ့ အပန်းဖြေစခန်းမှာအနားယူရင်းမီးဖိုဖို့အတွက် ခက်ခက်ခဲခဲကြိုးစားနေရာကနေ မီးတောက်သွားတဲ့အတွက် ဂုဏ်ယူမဆုံးဖြစ်နေတဲ့ ချီချီရဲ့ဗီဒီယိုလေး

//s9.kh1.co/b1/b12e4bd0ff2e5485574d444d5b0e0d672075030e.jpg
အနုပညာရှင်များ

 ၀၇-ဇန်-၂၀၂၁ ၉am · လွန်ခဲ့သော ၅ နှစ် က

.

ပရိသတ်ကြီးရေ.....စိမ်းလဲ့တင်အပန်းဖြေ resortကိုလည်း ပိုင်ဆိုင်ထားပြီး Beautybynaychiရဲ့ ပဲ့ကိုင်ရှင်တစ်ဦးလည်းဖြစ်ကာ beauty bloggerတစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ အားပေး၀န်းရံမှုကိုရရှိထားတဲ့ နေခြည်ဦးကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာ အနုပညာလမ်းကြောင်းပေါ်ကို အချိန်တိုအတွင်းအောင်မြင်မှုတွေနဲ့ရောက်ရှိလာခဲ့တာဖြစ်ပြီး ရုပ်ရှင်ကားကြီးတွေလည်း ရိုက်ကူးအောင်မြင်လာကာ ဒိတ်ဒိတ်ကြဲမင်းသမီးတစ်ယောက်အနေနဲ့ ရပ်တည်နေတာလည်းဖြစ်ပါတယ်။

Photo credit-Nay Chi Oo's Facebook acc
Photo credit-Nay Chi Oo's Facebook acc
Photo credit-Nay Chi Oo's Facebook acc
Photo credit-Nay Chi Oo's Facebook acc

ချီချီဟာ ရုပ်ရှင်ကားတွေ ဇာတ်လမ်းတွဲတွေနဲ့ ကြော်ငြာတွေအပြင် အခုဆိုရင်လည်း Live salesရောင်းချမှုတွေပါ ပြုလုပ်နေတာဖြစ်ပြီး အပြောအဆိုချိုသာမှုလေးတွေကြောင့် အောင်မြင်မှုတွေလည်း ဆက်တိုက်ရရှိနေတာဖြစ်ပါတယ်။ အခုဆိုရင်လည်း ချီချီဟာနောက်ထပ်ဇာတ်လမ်းအသစ်ရိုက်ကူးဖို့လည်း ပြင်ဆင်နေတာဖြစ်သလို နှစ်အစမှာလည်းကောင်းမှုကုသိုလ်တွေပြုလုပ်ရင်း မိသားစုပိုင် စိမ်းလဲ့တင်အပန်းဖြေစခန်းမှာသွားရောက်အနားယူနေတာပါနော်.....။

Photo credit-Nay Chi Oo's Facebook acc
Photo credit-Nay Chi Oo's Facebook acc
Photo credit-Nay Chi Oo's Facebook acc
Photo credit-Nay Chi Oo's Facebook acc

အခုဆိုရင်လည်း ချီချီဟာ စိမ်းလဲ့တင်အပန်းဖြေစခန်းမှာ သာယာလှပတဲ့သဘာ၀ရှုခင်းတွေကိုလည်း ခံစားရင်းအနားယူအပန်းဖြေနေတာလည်းဖြစ်ပါတယ်။ ချီချီတစ်ယောက် မကြာသေးမီကလည်း သူမရဲ့ Facebook my dayလေးမှာ ညဘက်မီးဖိုဖို့အတွက် မီးတောက်ကိုခက်ခက်ခဲခဲလုပ်နေရင်း မီးတောက်သွားလို့ အပျော်ကြီးပျော်ကာ အော်ဟစ်နေတဲ့ဗီဒီယိုလေးကို တင်ပေးခဲ့ပါတယ်။ ကဲ.....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Nay Chi Oo's Facebook acc
Photo credit-Nay Chi Oo's Facebook acc
https://s9.kh1.co/__image/w=650,h=974,q=100/08/088402b463ee145179fb08607046a7dbf041081a.jpg

သတင်း အရင်းအမြစ် Nay Chi Oo's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T