သူများနိုင်ငံမှာ အခြေချကာ စီးပွားရေးလုပ်ငန်းတွေကို ကြိုးစားလုပ်ကိုင်ခဲ့ပြီး Blogger တစ်ယောက်ဖြစ်လာခဲ့တဲ့ နေဆန်းကိုတော့ ပရိသတ်တွေထဲမှာ မသိသူမရှိလောက်ရှားပါတယ်။ နေဆန်းက အခုလက်ရှိမှာတော့ ပြိုင်စံရှားတဲ့ သူတစ်ယောက်ဖြစ်ပြီး အနုပညာအလုပ်တွေကိုလည်း ကြိုးစားလုပ်ကိုင်နေတာပါ။ နေဆန်းရဲ့ ရိုးသားကြိုးစားမှုကိုတော့ မြင်တွေ့သူတိုင်းက မချီးကျူးပဲ မနေနိုင်ပါဘူး။


နေဆန်းက သူရဲ့ အလုပ်ပေါ်မှာ အာရုံစိုက်ကာ လုပ်ကိုင်လေ့ရှိတာဖြစ်လို့ အလုပ်ရှင်တွေက လာရောက်အပ်နှံကြပြီး ယုံကြည်ကြတာကိုလည်း တွေ့ရပါတယ်။ မိဘကိုလည်း ရိုသေလေးစားပြီး လိမ္မာရေးခြားရှိတဲ့ သားလေးဖြစ်လို့ ဘာလုပ်လုပ်အောင်မြင်တာပါနော်။ နေဆန်းက ယခုလက်ရှိမှာတော့ မိဘတွေ နေထိုင်ရာ မွန်ပြည်နယ်လေးမှာ အခြေချနေထိုင်နေတာပါ။


သူရဲ့ မြို့လေးကို အလည်အပတ်လာရောက်တဲ့ ထိပ်တန်း အနုပညာရှင် နေခြည်ဦးနဲ့ အမှတ်မထင် တွေ့ဆုံတာကြောင့် အလှပုံရိပ်လေးတွေ အတူရိုက်ကူးကာ ပျော်နေခဲ့တာပါ။ ရုပ်ချင်းဆင်ရုံသာမကပဲ ဆံပင်ပုံစံလေးကအစ တူညီနေတဲ့ သူတို့နှစ်ယောက်က ပရိသတ်တွေကို အချစ်ပိုမိစေမှာ ဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ် ။ ပုံလေးတွေကို ကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့နော်........ ။


သတင်း အရင်းအမြစ်៖ Source - Nay San's Facebook Account