နေပူထဲမှာ ပဲအပြည့်နဲ့ရှိုးထုတ်နေရင်း ခြေထောက်တွေပူလာတာမခံနိုင်လို့ ဂါဝန်စဆွဲပြီးထပြေးခဲ့ရတဲ့ ဖြူဖြူထွေးရဲ့အခွီတလိုင်းဟာသဗီဒီယို

//s9.kh1.co/3d/3d04f9060c0b5519756f2ab465a911a3a838e22d.jpg
အနုပညာရှင်များ

 ၀၆-ဇန်-၂၀၂၁ ၅pm · လွန်ခဲ့သော ၅ နှစ် က

နေပူထဲမှာ ပဲအပြည့်နဲ့ရှိုးထုတ်နေရင်း ခြေထောက်တွေပူလာတာမခံနိုင်လို့ ဂါဝန်စဆွဲပြီးထပြေးခဲ့ရတဲ့ ဖြူဖြူထွေးရဲ့အခွီတလိုင်းဟာသဗီဒီယို

မင်းသမီးချောလေး ဖြူဖြူထွေးကတော့ တစ်ချိန်က ဟာသဗီဒီယိုလေးတွေနဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ လူသိများအောင်မြင်လာခဲ့သူလေး ဖြစ်ပါတယ် ။ တဖြည်းဖြည်းနဲ့ ဝန်းရံအားပေးသူများပြားလာခဲ့တဲ့ ဖြူဖြူထွေးက ကြော်ငြာတွေဆက်တိုက်ရိုက်ကူးပြီး နာမည်ရခဲ့တာလည်း ဖြစ်ပါတယ် ။ အခုဆိုရင် ဖြူဖြူထွေးက ဝါရင့်အနုပညာရှင်ကြီးတွေနဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီးတွေရိုက်ကူးခဲ့ရပြီး ကြော်ငြာတွေမှာလည်း အတူတူပါဝင်သရုပ်ဆောင်နေရတာ ဖြစ်ပါတယ် ။

Photo Credit-Amazing Grace
Photo Credit-Amazing Grace
Photo Credit-Amazing Grace
Photo Credit-Amazing Grace

ဖြူဖြူထွေးက မသိသူမရှိလောက်အောင် ကျော်ကြားလာခဲ့ပေမယ့်လည်း မာန်မာနကင်းပြီး ဖြူစင်လွန်းလို့ အားလုံးကသူမကိုဝိုင်းချစ်နေရတာ ဖြစ်ပါတယ် ။ ဖြူဖြူထွေးရဲ့ဟန်ဆောင်မှုကင်းတဲ့ အပြုအမူတွေနဲ့ အလွဲလေးတွေက ပရိသတ်တွေကို ရယ်မောစေနိုင်တာလည်း ဖြစ်ပါတယ် ။ အခုလည်း ဖြူဖြူထွေးက ရိုက်ကူးရေးလုပ်နေရင်းနဲ့ အလွဲလေးတစ်ခုဖြစ်ပြီး ရယ်မောခဲ့ရတဲ့ သူမရဲ့Behind The Scene ဗီဒီယိုလေးတစ်ခုကို မျှဝေပေးထားတာ ဖြစ်ပါတယ် ။

Photo Credit-Amazing Grace
Photo Credit-Amazing Grace
Photo Credit-Phyu Phyu Htwe's FB Acc
Photo Credit-Phyu Phyu Htwe's FB Acc

ဒီဗီဒီယိုလေးမှာ ဖြူဖြူထွေးက သရဖူဆောင်းပြီး ပဲအပြည့်နဲ့အပီအပြင်ရှိုးထုတ်ရင်း သီချင်းတွေဆိုပြနေတာ ဖြစ်ပါတယ် ။ နေပူထဲမှာဖိနပ်မပါဘဲ ဟန်ပန်အမူအရာတွေလုပ်ပြနေရတဲ့ ဖြူဖြူထွေးက နောက်ဆုံးမှာတော့ သီချင်းတောင်ပြီးအောင်မဆိုနိုင်ဘဲ ထပြေးခဲ့ရတာ ဖြစ်ပါတယ်။ ဂါဝန်စကိုဆွဲပြီး အမြန်လျှောက်လာခဲ့ရတဲ့ ဖြူဖြူထွေးရဲ့ပုံစံကတော့ ချစ်စရာကောင်းနေသလို ရယ်လည်းရယ်နေရတာ ဖြစ်ပါတယ် ။ ကဲ အလွဲတွေလုပ်ပြီး အူတက်အောင်ခွီနေရတဲ့ ဖြူဖြူထွေးရဲ့Tik Tok ဗီဒီယိုလေးကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Phyu Phyu Htwe's Tik Tok Acc

Photo Credit-Phyu Phyu Htwe's Tik Tok Acc
Photo Credit-Phyu Phyu Htwe's Tik Tok Acc
Photo Credit-Phyu Phyu Htwe's Tik Tok Acc
Photo Credit-Phyu Phyu Htwe's Tik Tok Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T