ချစ်ဇနီးချောလေးရဲ့မွေးနေ့လေးအတွက် ကြည်နူးစရာ အမှတ်တရလေးတွေနဲ့ ဆုမွန်ကောင်းတောင်းပေးလာခဲ့တဲ့ ထူးအယ်လင်း

//s9.kh1.co/3f/3f110d325cd24f8e0a6464a87b2052809e264113.jpg
အနုပညာရှင်များ

 ၀၆-ဇန်-၂၀၂၁ ၄pm · လွန်ခဲ့သော ၅ နှစ် က

.

နိုင်ငံကျော်အဆိုတော် ထူးအယ်လင်းကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို အပြည့်အဝရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ထူးအယ်လင်းက တေးသီချင်းများစွာထွက်ရှိထားပြီး သူ့ရဲ့ သီချင်းတွေက လူငယ်တွေကြားမှာ ယနေ့တိုင်အောင် ရေပန်းစားနေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ထူးအယ်လင်းက ကပ်ရောဂါကြောင့် အနုပညာအလုပ်တွေရပ်နားထားပြီး လူမှုရေးအကျိုးပြု ပရဟိတ အလုပ်တွေကို လုပ်ကိုင်ပေးနေတာ တွေ့ရပါတယ်။

PhotoCredit - Htoo El Lynn fb account
PhotoCredit - Htoo El Lynn fb account
PhotoCredit - Htoo El Lynn fb account
PhotoCredit - Htoo El Lynn fb account

ထူးအယ်လင်းဟာ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကိုတည်ဆောက်ထားပြီး ချစ်စရာကောင်းတဲ့ သားလေးနှစ်ယောက်ကိုလည်း မွေးထားပါသေးတယ်။ ဒါ့အပြင် ထူးအယ်လင်းက မိသားစုလေးရဲ့ ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ ပုံရိပ်လေးတွေကို အမြဲဖော်ပြပေးတာ တွေ့ရပါတယ်။ယနေ့မှာတော့ သူ့ရဲ့ ချစ်ဇနီးချောလေးရဲ့ မွေးနေ့လေးကို ကျရောက်ခဲ့တာကြောင့် အမှတ်တရပုံလေးတွေနဲ့ မွေးနေ့ဆုမွန်ကောင်း တောင်းပေးလာခဲ့ပါတယ်။

PhotoCredit - Htoo El Lynn fb account
PhotoCredit - Htoo El Lynn fb account
PhotoCredit - Htoo El Lynn fb account
PhotoCredit - Htoo El Lynn fb account

ထူးအယ်လင်းရဲ့ လူမှုကွန်ယက်မှာလည်း" မွေးနေ့မှာ ပျော်ရွှင်ကြည်နူးပါစေမိန်းမရေ ..." ဆိုပြီး ချစ်စရာကောင်းလောက်အောင် ရေးသားထားပါတယ်။ ပရိသတ်တွေလည်း ပျော်ရွှင်စရာလေးတွေနဲ့ နေ့သစ်တွေကို အေးအေးချမ်းချမ်း ဖြတ်သန်းအောင်လည်း ထူးအယ်လင်းတို့ရဲ့ မိသားစုလေးကို ဆုမွန်ကောင်းတောင်းပေးလိုက်ပါဦးနော်။ ကဲ...ယခုမှာတော့ ချစ်ဇနီးချောလေးရဲ့ မွေးနေ့အတွက် ထူးအယ်လင်းရဲ့ ဆုတောင်းပေးထားတာကို ပြန်လည်းကြည့်ရှု့လို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။

သတင်း အရင်းအမြစ် Source - Htoo El Lynn fb account

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T