သရုပ်ဆောင် မိုးယုစံကတော့ သူမ ချစ်မေမေရဲ့ ဟင်းချက်လက်ရာတွေကို ကြွားလိုက်ပြန်ပါပြီ။ မိခင်ဖြစ်သူက သူမကို ငယ်ငယ်လေးကတည်းက အပြင်စာမကျွေးပဲ အိမ်မှာပဲ ကိုယ်တိုင်မုန့်လုပ်ကျွေးလေ့ရှိတာဖြစ်ပြီး ယခုမှာလည်း သားငယ်လေး Austinအထိပါ မုန့်လုပ်ကျွေးလေ့ရှိတာဖြစ်ပါတယ်။ စည်းကမ်းတကျနဲ့ နေထိုင်ခဲ့ရတဲ့ မိုးယုရဲ့ ဘဝလေးက တကယ်ကို အားကျစရာပါ။


ငယ်စဉ်ကတည်းက အပြင်စာမစားရပဲ ကြီးပြင်းလာခဲ့ရတဲ့ မိုးယုက မင်းသမီးအဖြစ် အနုပညာလမ်းကြောင်းမှာ လျှောက်လှမ်းမှ အပြင်စာတွေကို စားခဲ့ရတာပဲဖြစ်ပါတယ်။ မိုးယုက ယနေ့ သားငယ်လေး Austinနဲ့ ဗိုက်ထဲမှာ ရင်သွေးလေး လွယ်ထားရသည့်တိုင်အောင် မိခင်ရဲ့ ဂရုစိုက်မှုနဲ့ လောင်းရိပ်အောက်မှာ နေထိုင်ခဲ့ရတာပါ...။


အဲ့တာကြောင့် မိုးယုက သူမရဲ့ လူမှုကွန်ယက် စာမျက်နှာထက်မှာ " ငယ်ငယ်လေးထဲက အပြင်စာ မစားရဘူး အကုန်အိမ်မှာပဲလုပ်ကျွေးတာ မင်းသမီးလုပ်မှအပြင်ကအစားအသောက်တွေစားရတာ အိမ်မှာ ပါးမားလုပ်ကျွေးတာဆို 5stare hotelကအစားအသောက်နဲ့တောင်မလဲနိုင်ပါဘူး ခုမြေးလေးကိုပါ လုပ်ကျွေးနေတာ " ဆိုပြီး ချီးကျူး အချစ်ပိုကာ ရေးသားထားတာဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်....။





သတင်း အရင်းအမြစ်៖ Source - Moe Yu San's FB account