ချစ်သူနဲ့ပတ်သက်ပြီးဝေဖန်ပြောဆိုခံနေရတာတွေကို ပြန်လည်ဖြေရှင်းပြောကြားလာတဲ့ မေမီကိုကိုရဲ့သူငယ်ချင်း

//s9.kh1.co/c8/c85a5209ce130998a6d31acc5995f5bca15640dd.jpeg
အနုပညာရှင်များ

 ၀၆-ဇန်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၅ နှစ် က

......

ချစ်ပရိသတ်ကြီးရေ မေမီကိုကိုဟာ အနုပညာလောကမှာ အချိန်တိုအတွင်းအောင်မြင်မှုရရှိထားသူတစ်ယောက်ဖြစ်ပြီး MRTV-4 ရုပ်သံဇာတ်လမ်းတွဲရဲ့ သရုပ်ဆောင်မင်းသမီးချောလေး တစ်ယောက်ပါ။မေမီကိုကိုက ပျားရည်အိုင် ဇာတ်လမ်းတွဲနဲ့ အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင်ဆုကို ရရှိခဲ့သူဖြစ်ပြီး နောက်ထပ်ဇာတ်လမ်းတွဲများလည်း ရိုက်ကူးထားတာလည်းတွေ့ရပါတယ်။

Photo Credit : May Mi Koko Facebook Account
Photo Credit : May Mi Koko Facebook Account
Photo Credit : May Mi Koko Facebook Account
Photo Credit : May Mi Koko Facebook Account

မေမီဟာ ချစ်ဖို့ကောင်းတဲ့မျက်နှာလေးကိုပိုင်ဆိုင်ထားပြီး သရုပ်ဆောင်ပီပြင်လွန်းတာကြောင့် ပရိသတ်တွေကအချစ်ပိုနေကြတာပါ။သူမရဲ့ဆွဲဆောင်မှုရှိတဲ့ ဖက်ရှင်တွေကလည်း မြင်ရသူတိုင်း လည်ပြန်ငေးရလောက်အောင် လှရက်လွန်းသူလေးဖြစ်သလို လက်ရှိမှာလည်း အနုပညာအလုပ်တွေဆက်တိုက်လုပ်ကိုင်နေတာပါ။

Photo Credit : May Mi Koko Facebook Account
Photo Credit : May Mi Koko Facebook Account
Photo Credit : May Mi Koko Facebook Account
Photo Credit : May Mi Koko Facebook Account

မကြာသေးခင်ကမှ ချစ်ရသူကိုဖွင့်ချပြခဲ့ရာ အားကျချစ်ခင်သူတွေရှိခဲ့သလိုဝေဖန်ပြောဆိုသူတွေလည်းရှိနေခဲ့ပါတယ်။ အခုလည်းမေမီဝေဖန်ခံနေရတာတွေနဲ့ပတ်သက်ပြီး သူငယ်ချင်းဖြစ်သူ လပြည့်က မေမီရဲ့စိတ်ထားကောင်းပုံ အကြောင်းလေးကိုခုလို ရေးသားဖော်ပြခဲ့တာပါ" ကိုယ့် သယ်ချင်းမလို့ ကိုယ့်ပြောတာမဟုတ်ဘူး ကိုယ့်ငါးချဉ် ကိုယ်ချဉ်တာလည်း မဟုတ်ပါဘူး သူမအကြောင်းလေး ပြော ပြခြင်တာ သူမ က အားနည်းတဲ့ သူဆို  သူနဲ့ မဆိုင်လည်း ဝင်ပါတက်တယ် ကူညီတက်တယ် အပြင်မှာ လည်း မာန်မာန ကင်းစွာနေတက်တယ် ရိုးရိုးသားသားလေး နဲ့ ရသမျှ ပိုက်ဆံလေး ကို မရှိတဲ့ကြား အကုန်ပြန်အပ်ပီး မိဘကိုလုပ်ကျွေးတယ် စိတ်ထား လေးကလည်းသူများဖြည့်တွေး တက်တယ် တခါတခါ မတရားတာ တွေ့ရင် ဝင်ဝင်ပြောတတ်သေးတယ် စိတ်ထားလေးလည်း ကလေးဆန် ပီးချစ်ဖို့ ကောင်းပါတယ် ကျနော် ပြောရင် ကျနော် အပို ဖြစ်မှာစိုးလို့ သူမနဲ ဆုံဘူးသူတိုင်း သိမှာပါ ကလေးတယောက်လို ရူးပေါပေါလေးပါ  ရုပ်ရည် ပိုင်းလည်း နတ်သမီးတပါးလိုတော့ မချောပေမဲ့ သင့်တင့်တဲ့ ရုပ်ရည်လေးတော့ ပိုင်ဆိုင်ပါတယ် ကျနော်က တော့ မိဘလုပ်ကျွေးတာလေး နဲ တင် သူမကို လေးစားပါတယ်"စာလေးပဲဖြစ်ရာ ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါရစေ။

Photo Credit : May Mi Koko Facebook Account
Photo Credit : May Mi Koko Facebook Account
Photo Credit : May Mi Koko Facebook Account<br>
Photo Credit : May Mi Koko Facebook Account

Source : La Pyae Facebook Account

Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T