ပရိသတ်ကြီးရေ အနုပညာလောကမှာ အောင်မြင်မှုတွေနဲ့ အကောင်းဆုံးလျှောက်လှမ်းလာတဲ့ သူကတော့ မင်းသမီးချောလေး စိုးပြည့်သဇင်ပဲဖြစ်ပါတယ်။ စိုပြည့်သဇင်ဟာ ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေထဲမှာ များစွာပါဝင်သရုပ်ဆောင်ထားပြီး ပီပြင်တဲ့ သရုပ်ဆောင်ချက်တွေကြောင့် အကယ်ဒမီဆုကိုလည်း ထိုက်ထိုက်တန်တန် ရရှိခဲ့ပါတယ်။ ယနေ့အချိန်ထိလည်း သူမက အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန် လုပ်ကိုင်နေတာ တွေ့ရပါတယ်။



စိုးပြည့်သဇင်က တမူထူးခြားတဲ့ အလှတရားတွေအပြင် ဆွဲဆောင်မှုရှိတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားပြီး ချစ်စရာကောင်းသူလေးပဲ ဖြစ်ပါတယ်။ ဇန်နဝါရီလ ၅ရက်နေ့က စိုးပြည့်သဇင် ဖခင်ရဲ့ မွေးနေ့လေးကို ကျရောက်ခဲ့ပြီး ဖေဖေအတွက် မွေးနေ့ဆုတောင်းထားတာကိုလည်း ဖော်ပြပေးတာ တွေ့ရပါတယ်။ ယခုမှာဆိုရင်လည်း စိုးပြည့်သဇင် ဖခင်ရဲ့ မွေးနေ့ပွဲလေးကို မိသားစုတွေ ပျော်ရွှင်ကြည်နူးစရာကောင်းလောက်အောင် ကျင်းပခဲ့တာလေးကို တင်ပေးလာခဲ့ပါတယ်။


မွေးနေ့ပွဲလေး ကျင်းပပေးတာနဲ့ ပတ်သက်ပြီး သူမက "ဒီနေ့ဖေကြီးမွေးနေ့....မွေးနေ့ကိတ်လေးပေးကြတဲ့...စိုးပြည့်ကိုသာမကစိုးပြည့်မိသားစုကိုပါချစ်ပေးကြတဲ့ ချစ်ရတဲ့fansလေးတွေကိုလည်းကျေးဇူးအများကြီးတင်ပါတယ်....ဖေကြီးအတွက်ပျော်စေချင်လို့...Surprise လက်ဆောင်လေးကို ဒီကအမတော်စိတ်တိုင်းကျ...ကိုယ်တိုင်သွားပြီးဝယ်ပေးတဲ့...ညီမလေးကိုလည်းကျေးဇူးအထူးပါနော်...ဂျီးတွေများပြီးရွေးသေးတာနော်အဟိHappy birthday ပါဖေဖေ...ပျော်ရွှင်ပါစေဖေကြီး" ဆိုပြီး ရေးသားဖော်ပြထားပါတယ်။ ကဲ...ပရိသတ်တွေလည်း စိုးပြည့်သဇင်တို့ မိသားစုလေးရဲ့ ပျော်ရွှင်စရာပုံလေးတွေကို သဘောကျမယ်လို့မျှော်လင့်မိပါတယ်။


သတင်း အရင်းအမြစ်៖ Source - Soe Pyae Thazin fb page





