အသက်ကြီးပေမယ့်မပျက်စီးသေးတဲ့အလှတရားတွေကို ပိုင်ဆိုင်ထားလို့ ကတုံးဆံပင်ပေါက်ကေနဲ့တောင် နုပျိုလွန်းနေတဲ့ မေသန်းနု

//s9.kh1.co/fa/fa85bee6fee7f8d37fd6b72e4e831bc7c3c41ceb.jpg
အနုပညာရှင်များ

 ၀၅-ဇန်-၂၀၂၁ ၅pm · လွန်ခဲ့သော ၅ နှစ် က

အသက်ကြီးပေမယ့်မပျက်စီးသေးတဲ့အလှတရားတွေကို ပိုင်ဆိုင်ထားလို့ ကတုံးဆံပင်ပေါက်ကေနဲ့တောင် နုပျိုလွန်းနေတဲ့ မေသန်းနု

ပရိသတ်ကြီးရေ ထပ်ဆင့်အကယ်ဒမီမေသန်းနုကတော့ တစ်ခေတ်တစ်ခါကတည်းက အနုပညာအလုပ်တွေကို လုပ်ဆောင်ခဲ့တာဖြစ်လို့ အနုပညာသက်တမ်းက နှစ်ပေါင်းမနည်းတော့ပါဘူးနော်။မေသန်းနုက သရုပ်ဆောင်အရမ်းကောင်းပြီး စကားသံလေးကလည်းဝဲလို့ အရမ်းချစ်စရာကောင်းတဲ့မင်းသမီးချောဖြစ်ပါတယ်။မေသန်းနုက"သင်္ကြန်မိုး"ဇာတ်ကားမှာ ပရိသတ်တွေရဲ့အားပေးမှုကို တစ်ခဲနက်ရရှိခဲ့ကာ ယနေ့ခေတ်ထိတိုင် တောက်လျှောက်အောင်မြင်လာတဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်နော်။

Photo Credit:May Than  Nu's Facebook page

မေသန်းနုရဲ့တစ်ဦးတည်းသောသားလေးမင်းသန့်မောင်မောင်ကလည်း မိဘနှစ်ပါးရဲ့အနုပညာ‌သွေးတွေ စီးဆင်းနေလို့ လက်ရှိမှာဆိုရင် ဒါရိုက်တာတစ်ယောက်အဖြစ် အနုပညာအလုပ်တွေကိုလုပ်ကိုင်နေတာဖြစ်ပါတယ်။မင်းသန့်မောင်မောင်က ဖခင်ဖြစ်သူစင်ရော်မောင်မောင်နဲ့အတူ ဇာတ်ကားတွေရိုက်ကူးပြီး နယူးယောက်မှာသင်ကြားလာတဲ့ ပညာရပ်တွေကို အသုံးချနေတာဖြစ်ပါတယ်နော်။မင်းသန့်မောင်မောင်က မေ‌မေ့ကိုလည်းအရမ်းချစ်ပြီး မျက်စိအောက်ကကို အပျောက်မခံဘဲ အရမ်းဂရုစိုက်တာဖြစ်ပါတယ် 

Photo Credit:May Than  Nu's Facebook page
Photo Credit:May Than Nu's Facebook page
Photo Credit:May Than  Nu's Facebook page
Photo Credit:May Than Nu's Facebook page
Photo Credit:May Than  Nu's Facebook page
Photo Credit:May Than  Nu's Facebook page

မေသန်းနုကတော့ လက်ရှိမှာဆိုရင် "ရွှေဆင့်"ဆိုတဲ့ နာမည်လေးနဲ့ စားသောက်ကုန်လုပ်ငန်းကို တည်ထောင်ထားတာဖြစ်ပါတယ်။သူမရဲ့လုပ်ငန်းလေးက လအနည်းငယ်ပဲရှိသေးပေမယ့် တဖြည်းဖြည်းတွင်ကျယ်လာပြီး မှာယူအားပေးကြတဲ့သူတွေလည်း များပြားလာတာဖြစ်ပါတယ်။မေသန်းနုက စီးပွားရေးတွေကို ကြိုးစားလုပ်ဆောင်နေတာကြောင့် မကြာသေးခင်ရက်ပိုင်းအတွင်းကလည်း ကိုစိန်လင်းနဲ့အတူ ရတနာပစ္စည်းလေးတွေကို Liveလွှင့်ပြီး ရောင်းချလိုက်သေးတာဖြစ်ပါတယ်။အသက်ကြီးပေမယ့်မပျက်စီးသေးတဲ့အလှတရားတွေကို ပိုင်ဆိုင်ထားတာဖြစ်လို့ ကတုံးဆံပင်ပေါက်ကေနဲ့တောင် လှပနုပျိုနေတဲ့ မေသန်းနုရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ 

Photo Credit:Shwe Sintt's Facebook Account

Source&Photo Credit:Shwe Sintt's Facebook Account

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T