သရုပ်ဆောင် မယ်လိုဒီက အနုပညာနယ်ပယ်မှာ လျှောက်လှမ်းခဲ့တဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ မယ်လိုဒီက သရုပ်ဆောင်ပိုင်းကော သီချင်းဆိုတဲ့ နေရာမှာပါ ပိုင်နိုင်လို့ စွယ်စုံရမင်းသမီးတစ်လက်အဖြစ် ပရိသတ်တွေက အသိအမှတ်ပြုထားတာလည်းဖြစ်ပါတယ်။ မယ်လိုဒီရဲ့ အနုပညာသက်တမ်းတစ်လျှောက်မှာ ပရိသတ်တွေရဲ့ အားပေးမှု့တွေ ချစ်ခင်မှု့တွေကို ရခဲ့လို့ အောင်မြင်တယ်လို့ ဆိုလို့ရပါတယ်။


မယ်လိုဒီက အနုပညာလှုပ်ရှားမှုတွေကိုလည်း အဆက်မပြတ်လုပ်ကိုင်နေပြီး ချစ်ရတဲ့ သားငယ်လေးကိုလည်း အရိပ်တကြည့်ကြည့်နဲ့ ပြုစုပျိုးထောင်နေတာကို တွေ့ရပါတယ်။ သားမွေးထားတဲ့ မိခင်ဖြစ်ပေမယ့်လည်း အလှမပျက်ပဲ အရင်ကထက် ပိုပိုလှလာတာဖြစ်လို့ ပရိသတ်တွေကလည်း အတော်လေး အားကျအချစ်ပိုနေတာပါ။ မယ်လိုဒီက လက်ရှိမှာတော့ Photo Shooting တွေရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။


ရိုက်ကွင်းထက်က လှရက်လွန်းတဲ့ ပုံလေးတွေကို တင်ပေးလာရင်း မယ်လိုဒီက " ဇရာကတော့ တားမရဘူး မောင်ရေ မမ ရဲ့ အလှ လိုပေါ့ " ဆိုတဲ့ စာသားလေးကို ရေးသားလာတာပါ။ မယ်လိုဒီရဲ့ ပုံလေးတွေတိုင်းက ဆွဲဆောင်မှုရှိရှိ လှရက်လွန်းနေတာဖြစ်လို့ ချစ်ရတဲ့ ပရိသတ်တေ် ကြည့်ရှု အချစ်ပိုစေဖို့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်...... ။

သတင်း အရင်းအမြစ်៖ Source - Melody Myo's Fb Account