ပရိသတ်ကြီးရေ.. MRTV-4 ရုပ်သံဇာတ်ကားတွေနဲ့ ပရိသတ်တွေရင်ထဲ အခိုင်အမာနေရာယူအောင်မြင်နေကြတဲ့ ပြည်သူ့အချစ်တော် သရုပ်ဆောင်မင်းသမီးချောလေး မေမီကိုကို ကိုတော့ ပရိသတ်တွေ အားပေးချစ်ခင်ကြမှာပါနော်..။
ဇာတ်ကားတွေများစွာရိုက်ကူးထားပြီး ပီပြင်တဲ့သရုပ်ဆောင်ကောင်းမှုတွေကြောင့် ပရိသတ်တွေအချစ်တွေကိုရရှိထားတဲ့ မေမီကိုကိုကတော့ ယောကျ်ားလေး မိန်းကလေးမရွေး အားလုံးက ချစ်ခင်ကြပြီး သူမရဲ့လှုပ်ရှားမှုလေးတွေကိုလည်း ဝေမျှတတ်ပါတယ်နော်..။


ပရိသတ်အချစ်တော်လေး မေမီလေးကတော့ Tik Tok ဗီဒီယိုလေးတွေနဲ့ အချစ်ပိုစေပြီး အခုတစ်ခါမှာလည်း ပီပြင်လွန်းတဲ့ အိုင်တင်ဟန်ပန်လေးတွေနဲ့ သရုပ်ဖော်ထားတဲ့ သူမရဲ့ အမိုက်စား Tik Tok ဗီဒီယိုလေးနဲ့လည်း သဘောကျစေပြန်ပါတယ်နော်..။
မေမီရဲ့ Tik Tok လေးကတော့ "စရိုက်"ဇာတ်ကားထဲက ခိုင်သင်းကြည်နဲ့ကျော်ထက်အောင်တို့ရဲ့ ဇာတ်ဝင်ခန်းလေးကို မျက်ရည်တွေနဲ့ အပီအပြင်သရုပ်ဆောင်ထားတာဖြစ်ပြီး တကယ်ကို ပီပြင်ပိုင်နိုင်လွန်းတာမို့ ပရိသတ်တွေရင်ထဲကို ထိမိမှာပါနော်..။


ချစ်ရတဲ့ ပရိသတ်အသည်းကျော် မင်းသမီးချောလေး မေမီကိုကိုရဲ့ အပီအပြင်သရုပ်ဆောင်ထားတဲ့ အမိုက်စား Tik Tok ဗီဒီယိုဖိုင်လေးကိုလည်း ပရိသတ်တွေအားလုံး သဘောကျနှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်..။
မေမီကတော့ လတ်တလောမှာတော့ မကြာခင်ကမှ ပရိသတ်တွေကို အသိပေးလိုက်တဲ့ သူမရဲ့အချစ်ရေးမှာ ရုပ်ရည်နဲ့ပတ်သက်ပြီး ဝေဖန်မှုတွေကြုံတွေ့နေရတာကြောင့် ပရိသတ်တွေက စိတ်မကောင်းကြပြီး အားပေးစကားလေးတွေလည်း ပြောပေးသွားကြဖို့ မမေ့ပါနဲ့နော်..။


သတင်း အရင်းအမြစ်៖ May Mi Ko Ko's Tik Tok Acc






 Bong I.T
 Bong I.T