ပရိသတ်ကြီး MRTV-4 ဇာတ်ကားတွေနဲ့ ပရိသတ်ရင်ထဲတိုးဝင်ကာ အခိုင်အမာနေရာယူထားပြီး ဆိုင်းမိုင်ဆိုတဲ့ ကာရိုက်တာလေးနဲ့ တစ်ခဲနက်အားပေးချစ်ခင်မှုတွေကို ရရှိပိုင်ဆိုင်ထားတဲ့ မင်းသမီးချောပိုးကြာဖြူခင်ကိုတော့ မသိသူမရှိသလောက်ပါပဲနော်..။
အောင်မြင်မှုတွေနဲ့ အနုပညာလမ်းကြောင်းမှာ လျှောက်လှမ်းရပ်တည်နေတဲ့ မင်းသမီးချောလေးသူမဟာ ဆွဲဆောင်မှုရှိကာကျော့ရှင်းတဲ့ အလှတရားတွေအပြင် အေးချမ်းပြီးချစ်စရာအပြုံးလှလှလေးတွေနဲ့လည်း အချစ်ပိုစေသူလေးလည်း ဖြစ်ပါတယ်..။


သူမရဲ့လှုပ်ရှားမှုလေးတွေနဲ့ ပရိသတ်တွေကိုအမြဲ အလွမ်းလေးတွေပြေစေတဲ့ ဆိုင်းမိုင်ကတော့ သူမရဲ့နာမည်နဲ့ Live Video တွေကို အလွဲသုံးစားလုပ်ပြီး လိမ်လည်နေသူတွေကြောင့် စိတ်အနှောက်အယှက်ဖြစ်နေရပါတယ်နော်..။
သူမရဲ့နာမည်နဲ့ Live Video တွေကို အလွဲသုံးစားလုပ်ပြီး အသုံးချလိမ်ညာနေကြတဲ့ အဆိုပါ Page အတုတွေနဲ့ပတ်သက်ပြီးတော့လည်း မင်းသမီးချောလေးပိုးကြာဖြူခင်ကာ ဒီကနေ့လေးမှာပဲ သူမရဲ့ Fb စာမျက်နှာကနေ သတိပေးစကားလေး ဆိုလာပါတယ်နော်..။


"ကျွန်မ ပိုးကြာဖြူခင် Poe Kyar Phyu Khin သည် ယခု ပိုစ့်ကိုတင်သော page တစ်ခုထဲကိုသာ အမှန်တကယ် သုံးစွဲနေခြင်းဖြစ်ပါသည် page အတုများဖြင့် ကျွန်မလွှင့်ခဲ့သော live များကို တဆင့်ပြန်လည်ကူးယူခိုးချ ပြန်လွှင့်ပြီး လိမ်စားနေသော page များသည် ကျွန်မနှင့် မည်သို့မှ မသက်ဆိုင်ပါ သို့ဖြစ်ပါ၍ ပရိတ်သတ်များအနေနဲ့ page နာမည် မှန်မမှန် live အတုအစစ် သေချာခွဲခြားကြည့်ပြီး မှ အားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်
ချစ်တဲ့ ...
ဆိုင်းမိုင် (ခ) ပိုးကြာဖြူခင်
၅၊၁၊၂၀၂၁.." ဆိုပြီး သူမက ရေးသားပြောပြကာ သတိပေးစကားလေး ဆိုထားတာပဲ ဖြစ်ပါတယ်နော်..။
အဲ့ဒီပို့စ်ရဲ့အောက်မှာ ဆိုင်းမိုင်လေးက "Live အတုတွေကို rp ထုပေးကြပါနော်.." ဆိုပြီးတော့လည်း ပြောထားပြီး ပရိသတ်တွေကလည်း အားပေးစကားလေးတွေပြောကာ အားပေးဝန်းရံကြတဲ့အကြောင်းလေးတွေလည်း ပြောထားကြတာ တွေ့ရပါတယ်..။


သတင်း အရင်းအမြစ်៖ Poe Kyar Phyu Khin's Fb Page