အဆိုတော် ထက်ယံကတော့ ဂီတနယ်ပယ်မှာ အောင်မြင်မှုတွေနဲ့ အကောင်းဆုံးရပ်တည်နေတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ထက်ယံက တစ်ကိုယ်တော်တေးသီချင်းများစွာ ထွက်ရှိထားပြီး သူ့ရဲ့ သီချင်းတွေက လက်ရှိလူငယ်တွေကြားမှာ ရေပန်းစားအကြိုက်တွေ့နေတဲ့ သီချင်းကောင်းတွေပဲ ဖြစ်ပါတယ်။ ယခုမှာတော့ ထက်ယံက သူလျှောက်လှမ်းခဲ့ရတဲ့ ဘဝအလှည့်အပြောင်းတွေနဲ့ ကြုံတွေ့ခဲ့ရတဲ့ အခြေအနေလေးတွေနဲ့ ပရိသတ်တွေသိရှိအောင် ပြောပြလာခဲ့တာ တွေ့ရပါတယ်။


"ကျွန်တော် အဆိုတော်ဖြစ်ရတာကံကောင်းလား...ပြောပြမယ်နော် ,( ၉ )နှစ်လောက်အချိန်ပေးခဲ့တယ် လုပ်အားငွေအားအကုန်သုံးပီးတော့ပေါ့ သိသလိုမသိသလိုကနေ ဘယ်ဝုန်းခနဲ ဂရက်ဗတီအပြင်ဘက် ခုန်ထွက်လိုက်တော့ပန်းတိုင်ရောက်ပီပေါ့ ပျော်စရာကြီးပဲဘဝမှာအဲ့ချိန်က.... ရက်ပိုင်းလောက်ပဲရှိမယ် ကျွန်တော် အဖေရဲ့ကင်ဆာဖြစ်တယ်ဆိုတာက မပေါ့ရမယ့် အခြေအနေဖြစ်နေတာသိလိုက်တော့ နယ်ပွဲတွေရသလောက်ဆိုတယ် စိတ်ကတော့ မပျော်နိုင်တော့တာအမှန်ပါ ( ဘဝမှာတစ်ခုလိုချင်ရင် တစ်ခုပြန်ပေးရတယ်ဆိုတာကိုနားလည်ခဲ့တယ် ) ၂၀၂၀ အဖေကျန်းမာရေးကောင်းပီဆိုတော့ ကျွန်တော်ထပ်ကြိုးစားဖို့ပဲကျန်တော့တယ် အဲ့တော့ Gravity အခွေကိုထွက်နိုင်အောင်ထပ်ကြိုးစားခဲ့တယ်......


စုဆောင်းမိသမျှမိဘအတွက်လုပ်ပေးနိုင်ခဲ့လို့ကျေနပ်ခဲ့တယ် ထပ်ကြိုးစားဖို့အချိန်Covid ဆိုတာကြီးကရောက်လာတယ်ဗျာ တကယ်ဆို တစ်နိုင်ငံလုံးကို ပတ်ပီးကိုယ့်ရှေ့ကလူတွေလို ပွဲခံနေရမှာပါ ( မသိရင်ကျနော့်ကိုပဲ ကိုဗစ်ကအငြိုးနဲ့ရောက်လာသလိုပဲ) ပြောချင်တာကလေ အဆိုတော်ဖြစ်လာတဲ့လူတွေထဲမှာ ကျွန်တော် ကကံကောင်းတဲ့သူတော့မဟုတ်ခဲ့ဘူး.....Whatever မိသားစုအတွက်ကျွန်တော်အကောင်းဆုံးလုပ်ပေးခဲ့ပါတယ် ခု ၂၀၂၁ မှာလဲ ဘာတွေပဲဖြစ်နေပါစေ ဆက်ကြိုးစားနေမှာပါ No Pressure No Diamond ဘယ်သူမှမပြည့်စုံတဲ့လူ့ဘဝကြီးမှာ အရာရာခက်ခဲနေမှာပါ ကျွန်တော် ကံမကောင်းပါဘူး အိမ်မက်တွေကတော့ကြီးကျယ်နေဆဲပဲ " ဆိုပြီး စိတ်မကောင်းစွာ ရေးသားဖော်ပြခဲ့ပါတယ်။ ပရိသတ်တွေလည်း ထက်ယံကို စိတ်ဓာတ်မကျအောင် အားပေးစကားတွေ ပြောပေးခဲ့ပါဦး။
သတင်း အရင်းအမြစ်៖ Source - Htet Yan fb page