သရုပ်ဆောင်မင်းသမီးချောရွှေစင်ကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ပါဝင်သရုပ်ဆောင်တဲ့ ဇာတ်ရုပ်တိုင်းကို အကောင်းဆုံးသရုပ်ဆောင်လျက်ရှိနေကာ ချစ်စရာအပြုံးလေးတွေကို ပိုင်ဆိုင်ထားသူတစ်ယောက်ပဲဖြစ်ပါတယ်။ သူမကတော့ လူငယ်တစ်ယောက်ရဲ့ဘဝ အညွှန့်တုံးသွားမှာမလိုလားလို့ ချိမ့်ကေကိုအပေါ်စွဲဆိုထားတဲ့ ဥပဒေ ပုဒ်မကို သက်ညှာစွာပြင်ဆင်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။


သူမကတော့ "ဒီနေ့ ဇင့်ရဲ့ အလုပ်ကိစ္စ တွေ အရာရာအဆင်ပြေ လို့ ပျော်ရွှင်ရပေမယ့်မနက်ကတည်းက ကြားရတဲ့သတင်းကြောင့် စိတ်မကောင်းဖြစ်မိတယ် ချိမ့်ကေကို လာပြီးအဖမ်းခံလိုက်တယ်တဲ့ တရားစွဲဆိုခံရတဲ့ ပုဒ်မကလဲ ၂၅ ဆိုတော့ အံသြမိသွားရတယ်မထင်မိဘူးလေ ဥပဒေ ဆိုတာကိုတော့ နားလည်ပါတယ်လူတိုင်းအမှားနဲ့မကင်းကျပါဘူး
သိ့လိုပဲ လုပ်တဲ့အမှားဖြစ်စေ မသိ့လို့ပဲ လုပ်တဲ့အမှားပင်ဖြစ်စေဥပဒေနဲ့ငြိ့စွန်းရင် ဥပဒေနဲ့အညီ အပစ်ပေးခံရမယ်ဆိုတာတော့ လက်ခံပါတယ် ဒါပေမယ့် ချိမ့်ကေကို စွဲလိုက်တဲ့ ပုဒ်မ က အာမခံ လို့မရတဲ့ ပုဒ်မ၂၅ အစား ပုဒ်မ ၃၀လောက်မဖြစ်သင့်ဘူးလားတွေးမိတယ် ဘယ်သူဘယ်သူကိုမှ ပုတ်ခတ် မပြောလိုသလို မထိ့ခိုက်စေချင်ပါဘူးချိမ့်ကေကို ရဲ့ ဖြစ်စဥ်မှာကရွာမွေးနေ့ပွဲမှာ သီချင်းဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး သဘာဝဘေးအန္တရာယ် ကာကွယ်ရေးဆိုင်ရာဥပဒေနဲ့ တရားစွဲခံရတယ်လို့သိရတယ် "ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။


သူမကတော့ " ချိမ့်ကေကို က မွေးနေ့မှာ ဖျော်ဖြေရေးသက်သက် ပွဲ လာငှားလို့ သွားခဲ့တာဆိုရင် သူက ပါဝင်သူ သက်သက်ပဲမလားဥပမာ ပစ်မှု့ကျူးလွန်ကျတဲ့အမှု့ကြီးတစ်ခု ထားပါ ကိုယ်ထိ့လက်ရောင်ကျူးလွန်သူနဲ့ ပါဝင်ကူညီသလိုဖြစ်ခဲ့ရသူ ပုံစံပေါ့ချိမ့်ကေကို ကို မရင်းနီးပါဘူး သူ့ကို onlineပေါ်မှာ မကြာကြာ မြင်တွေ့နေရတာ ကလွဲရင် ခင်မင်မှု့မရှိပါဘူး တွေ့ရသမျှ သူလုပ်နေတဲ့အရာတွေကြည့်ရပြီးသူ့ရဲ့စိတ်ကို ဇင်မှမဟုတ်ဖူး အတော်များများခန့်မှန်းမိမှာပါ သူလုပ်နေတာဘာလဲဆိုတာတောင်သူ့ကိုယ်သူမသိတဲ့ပုံပါဥပဒေ ကိုတော့ နားလည်လက်ခံပါတယ် ဒါပေမယ့် လူငယ်တိုင်းမှာ အိမ်မက်ကိုယ်စီရှိကျပါတယ်လူငယ်တစ်ယောက် ရဲ့ဘဝ အညွှန့်တုံးသွားမှာ တွေးပြီး မလိုလားလို့ မဖြစ်စေလိုလို့ ဇင့်အနေနဲ့ ချိမ့်ကေကို ရဲ့ အပေါ်စွဲဆိုထားတဲ့ ဥပဒေ ပုဒ်မကို သက်ညှာစွာပြင်ဆင်ပေးဖို့ တောင်းဆိုချင်ပါတယ် "ဆိုပြီးရေးသားထားခဲ့တာပဲဖြစ်ပါတယ်။
Source : Shwe Sin ရွှေစင် ' s Facebook Page

