ဘိုမရုပ်လေးလို ချစ်စရာကောင်းတဲ့ တူမလေးရဲ့ မွေးနေ့မှာ ငယ်ဘဝပုံရိပ်လေးတွေနဲ့အတူ ဆုတောင်းပေးလာတဲ့ ရီရီပွင့်ဖြူ

//s9.kh1.co/b9/b9e6b2bf4022fa2bed493114f53f267ebd03a1df.jpg
အနုပညာရှင်များ

 ၀၅-ဇန်-၂၀၂၁ ၉am · လွန်ခဲ့သော ၄ နှစ် က

.

ပရိသတ်တွေ တစ်ချိန်က သည်းသည်းလှုပ် အားပေးဝန်းရံကြတဲ့ သရုပ်ဆောင် မင်းသမီးချောလေး ရီရီပွင့်ဖြူကတော့ သူမရဲ့ တူမလေးကို ထုတ်ကြွားလိုက်ပါပြီ။ ရီရီက အနုပညာလှုပ်ရှားမှုတွေ မလုပ်ဖြစ်တော့ပေမယ့် သူမရဲ့ ချစ်သူလေး စိန်ဖြိုးနဲ့အတူ Blogလေးရိုက်ကူးရင်း ပရိသတ်အားပေးမှုကို ယနေ့တိုင်ရရှိနေဆဲပါ။ ချစ်သူသက်တမ်းအတော်ကြာပြီဖြစ်တဲ့ သူတို့နှစ်ဦးက လူမှုကွန်ယက်ထက်မှာ Romantic ဆန်တဲ့ ပုံလေးတွေကို ဝေမျှလေ့ရှိတာပါ။

Photo credit - Yi Yi Pwint Phyu's Facebook Account
Photo credit - Yi Yi Pwint Phyu's Facebook Account
Photo credit - Yi Yi Pwint Phyu's Facebook Account
Photo credit - Yi Yi Pwint Phyu's Facebook Account

ရီရီက သူမရဲ့ လှုပ်ရှားမှုလေးတွေကိုလည်း လူမှုကွန်ယက်ထက်မှာ ဝေမျှလေ့ရှိတာဖြစ်ပြီး ယနေ့မှာလည်း ပိုစ့်တစ်ခု တင်ပေးလာခဲ့ပါတယ်။ ဒါကတော့ " Happy Birthday အသဲတုံး​လေး တဦးတည်း​သော တူမ​လေး မထင်မှတ်ဘဲ ကိုယ်နဲ့လာတူ​နေတယ် သူ​မွေး​တော့ ကိုယ်က ၇တန်း​ကျောင်းသူ လွတ်လပ်​ရေး​နေ့ကြီး ​လျှောက်​ဆော့​နေတုန်း နင့်အမဘိုက်နာလို့ ​ဆေးရုံသွားပြီ .. ဖိုးခန့်(အကြီး​ကောင်) ထိန်းထားဦးဆိုလို့..က​လေးထိန်းပြီး အိမ်မှာ​နေခဲ့ရတယ် ​

Photo credit - Yi Yi Pwint Phyu's Facebook Account
Photo credit - Yi Yi Pwint Phyu's Facebook Account
Photo credit - Yi Yi Pwint Phyu's Facebook Account
Photo credit - Yi Yi Pwint Phyu's Facebook Account
Photo credit - Yi Yi Pwint Phyu's Facebook Account
Photo credit - Yi Yi Pwint Phyu's Facebook Account

ဆေးရုံကပြန်လာတဲ့သူရှိတိုင်း တူမ​လေးက ​ချောရဲ့လား နှာ​ခေါင်းပြား​နေလား နှာဖူး​က​ပြောင်​နေလား ​မေးရတာအ​မော ကိုယ်တိုင်​​တွေ့ရမှ ​အော်.. ​ချောသားပဲ ဆိုပြီး စိတ်​အေးရတယ် တူ တူမ ဆိုတာကလည်း ငယ်တုန်း​တော့ အ​ဒေါ်ကချစ်လိုက်ရတာ ကြီးလာ​တော့လည်း ​ပြောမ​ကောင်း ဆိုမ​ကောင်း ခု​တော့ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ပဲ.." ဆိုတဲ့ မွေးနေ့ဆုတောင်း စာသားလေးနဲ့အတူ ဘိုမရုပ်လေးလို ချစ်စရာကောင်းတဲ့ တူမလေးနဲ့ ငယ်ဘဝပုံရိပ်လေးတွေကို ဝေမျှလာ​တာဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။

Photo credit - Yi Yi Pwint Phyu's Facebook Account
Photo credit - Yi Yi Pwint Phyu's Facebook Account
Photo credit - Yi Yi Pwint Phyu's Facebook Account
Photo credit - Yi Yi Pwint Phyu's Facebook Account

သတင်း အရင်းအမြစ် Source - Yi Yi Pwint Phyu's Facebook Account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T