ပရိသတ်ကြီးရေ.. အနုပညာလမ်းကြောင်းမှာ ပရိသတ်အခိုင်အမာနဲ့အောင်မြင်စွာရပ်တည်နေပြီး ချစ်စရာကောင်းလွန်းတဲ့ ဟန်ပန်လေးတွေကြောင့် ပရိသတ်တွေအားလုံး အချစ်ပိုနေကြရသူလေးကတော့ သဲလို့အားလုံးက ချစ်စနိုးချောကြတဲ့ မင်းသမီးချောလေး စံရတီမိုးမြင့်ပဲ ဖြစ်ပါတယ်နော်..။
သရုပ်ဆောင်ကောင်းတဲ့ သူမကတော့ ချစ်စရာလည်းကောင်းကာ နိုင်ငံခြားသူလေးတစ်ယောက်လို ကျော့ရှင်းပြီး ဆွဲဆောင်မှုရှိတဲ့ ပုံရိပ်လေးတွေအပြင် အချိုးအစားကျပြီး အဆီပိုကင်းကာ ကျစ်လစ်သွယ်လိတဲ့ ခန္ဓာကောက်ကြောင်းအလှတွေကိုလည်း ပိုင်ဆိုင်ထားသူလေးပါ..။



သဲကတော့ ချစ်သူရှိတဲ့အကြောင်းလေးကို တစ်စွန်းတစ်စ ပရိသတ်တွေကို အသိပေးပြောပြတတ်ပြီး ချစ်သူလေးကြောင့် အတိုင်းမသိပျော်ရွှင်ကြည်နူးရတဲ့ ပုံရိပ်လေးတွေကိုလည်း မကြာခဏဆိုသလို အသိပေးပြောပြတတ်ပါသေးတယ်နော်..။
အခုတစ်ခါမှာလည်း ပရိသတ်အချစ်တော်လေး သဲတစ်ယောက် ချစ်သူဆီက နှင်းဆီပန်းတွေ Surprise လက်ဆောင်လေးရရှိခဲ့ပြီး အဖြူရောင်နှင်းဆီပန်းပွင့်တွေကြား တစ်ပွင့်တည်းပါတဲ့ အနီရောင်နှင်းဆီပွင့်ဖက်ပေါ်မှာ ချစ်သူလေးရဲ့ နာမည်လေးကိုရေးထိုးကာ နာမည်လေးကို အသိပေးပြောကြလာပါတယ်နော်..။



"1️⃣1️⃣ ?❤️.." ဆိုပြီး နှင်းဆီပန်းတွေနဲ့အတူဓာတ်ဖမ်းထားရဲ့ ပုံရိပ်လေးကိုကြည့်ရင်တော့ မျက်နှာပေါ်က ကြည်နူးမှုပီတိလေးတွေက အထင်းသားပေါ်လွင်နေတာမို့ သဲတစ်ယောက် ဘယ်လောက်ပျော်ရွှင်နေမလဲဆိုတာ အတိုင်းသားမြင်တွေ့ကြရမှာပါနော်..။
ပရိသတ်တွေကလည်းအပျော်လေးတွေကူးစက်ကာ သဲနဲ့အတူ လိုက်ပါပျော်ရွှင်ပြီး ချစ်စရာကောင်းတဲ့အပြုံးလေးတွေကြောင့် အချစ်ပိုနေကြသလို ဆုတောင်းစကားလေးတွေနဲ့အတူ အားပေးစကားလေးတွေလည်း ပြောထားကြပါတယ်နော်..။



သတင်း အရင်းအမြစ်៖ San Yati Moe Myint's Fb Acc