မြန်မာတစ်နိုင်ငံလုံးက ပရိသတ်တွေတော်တော်များများရဲ့ချစ်ခင်အားပေးမှုကို တစ်ခဲနက်ရရှိထားတဲ့စုံတွဲကတော့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့အနုပညာရှင်စုံတွဲလေးပဲ ဖြစ်ပါတယ် ။ ပြေတီဦးနဲ့ အူဝဲတို့ဇနီးမောင်နှံဟာဆိုရင် ဒိတ်ဒိတ်ကြဲ အနုပညာရှင်တွေဖြစ်ကြသလို အကယ်ဒမီဆုတွေကိုလည်း အသီးသီးဆွတ်ခူးထားကြတာ ဖြစ်ပါတယ် ။ သားတစ်ယောက်၊ သမီးတစ်ယောက် ပိုင်ဆိုင်ထားပြီဖြစ်တဲ့ သူတို့ဇနီးမောင်နှံရဲ့ဘဝလေးက အရမ်းကိုပြီးပြည့်စုံနေတာလည်း ဖြစ်ပါတယ် ။


အခုဆိုရင်တော့ ပြေတီဦးနဲ့ အူဝဲတို့စုံတွဲလေးက မင်္ဂလာနှစ်ပတ်လည်သက်တမ်း (၁၀)နှစ်တိတိ ပြည့်သွားခဲ့ပြီပဲ ဖြစ်ပါတယ် ။ လွန်ခဲ့တဲ့ (၁၀)နှစ်က ဒီလိုအချိန်မှာ ပြေတီဦးတို့ဇနီးမောင်နှံက မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးပြီး အကြင်လင်မယားဘဝကို ခံယူခဲ့ကြတာ ဖြစ်ပါတယ် ။ (၁၀)နှစ်တိုင်အောင် ချစ်ခြင်းမေတ္တာတွေကိုခိုင်မာပြီး သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်နိုင်ခဲ့တဲ့ သူတို့စုံတွဲလေးက အင်မတန်အားကျချင်စရာကောင်းနေတာ ဖြစ်ပါတယ် ။



အူဝဲကတော့ "HAPPY 10TH ANNIVERSARY 87600 HOURS TOGETHER .I LOVE YOU SO MUCH" ဆိုပြီး မင်္ဂလာပွဲက အမှတ်တရပုံရိပ်လေးတွေကို တင်ထားတာ ဖြစ်ပါတယ် ။ အူဝဲက သူမတို့ဇနီးမောင်နှံရဲ့ အိမ်ထောင်သည်ဘဝခြေလှမ်းအစကပုံရိပ်လေးတွေကို ချပြလိုက်တာလည်း ဖြစ်ပါတယ် ။ ကဲ ချစ်ခင်ပွန်းရဲ့ဘယ်လောက်ချစ်ကြောင်းပြောပြီး ရိုပြလိုက်တဲ့ အူဝဲရဲ့မင်္ဂလာပွဲအမှတ်တရပုံလေးတွေကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source & Photo Credit-Eaindra Kyaw Zin's FB Page








