မျက်နှာမြင် ချစ်ခင်ပါစေတဲ့ဆုကို မတောင်းဘဲနဲ့ ပြည့်နေသူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး ရတနာခင်ပဲ ဖြစ်ပါတယ်။ သူမဟာ ဆယ်စုနှစ်တွေများစွာတိုင်အောင် ရုပ်ရှင်နဲ့ ဗီဒီယိုလောကမှာ ထင်ရှားကျော်ကြားမှုတွေနဲ့ ရပ်တည်နေခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။ အိမ်ထောင်ကျပြီးနောက်ပိုင်း အနုပညာအလုပ်တွေကို အပြီးတိုင်အနားယူလိုက်သော်လည်း ပရိသတ်တွေကတော့ ချစ်ခင်အားပေးနေကြဆဲလည်း ဖြစ်ပါတယ်။



ရတနာခင်ဟာ ဘာသာရေးဘက်မှာလည်း အထူးကိုင်းရှိုင်းလွန်းပြီး အလှူကြီးတွေလည်း အမြဲကုသိုလ်ပြု လှူဒါန်းနေတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ချစ်စရာကောင်းတဲ့ မိသားစုနဲ့အတူ သာယာချမ်းမြေ့စရာကောင်းတဲ့ ဘဝလေးကို ရရှိပိုင်ဆိုင်ထားတာကြောင့်လည်း ပရိသတ်တွေက အားကျနေကြတာလည်း ဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူကလည်း လိုလေသေးမရှိ စိတ်ချမ်းသာအောင် အမြဲထားတာကြောင့်လည်း ရတနာခင်ရဲ့ ဘဝလေးဟာ ပြည့်စုံပျော်ရွှင်စရာတွေနဲ့ ပြည့်နှက်နေတာလည်း ဖြစ်ပါတယ်။



ဒီနေ့ကတော့ ရတနာခင် ခင်ပွန်းရဲ့ ပျော်ရွှင်စရာကောင်းတဲ့ မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ မနေ့ညကလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ မွေးနေ့ဆုတောင်းလေးရေးသားထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ Happy Birthday my a chit gyi
စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာပါစေ
မိန်းမကို တစ်သက်လုံး အချစ်တွေမလျော့ဘဲ ဆက်ချစ်နိုင်ပါစေ
မိသားစုအပေါ်မှာ အမြဲကာကွယ် စောင့်ရှောက်ပေးနိုင်ပါစေ " ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းလေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။
Source and Photo Crd- Yadanar Khin’s Facebook Account

