လူရွှင်တော်၊သရုပ်ဆောင် ဦးကောင်းကျော်ကတော့ အနုပညာအလုပ်တွေကို နှစ်နဲ့ချီကြာအောင် လုပ်ကိုင်လာခဲ့တဲ့ ပရိသတ်အချစ်တော် အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ် ။ ဦးကောင်းကျော်က ဇာတ်ကားတွေမှာပါဝင်သရုပ်ဆောင်ခဲ့သလို ဇာတ်သဘင်ပွဲတွေမှာလည်း ဖျော်ဖြေတင်ဆက်လေ့ရှိတာ ဖြစ်ပါတယ် ။ ဦးကောင်းကျော်က အနုပညာအလုပ်တွေအပြင် ကိုယ်ပိုင်စီးပွားရေးအဖြစ် ဟင်းတွေချက်ပြီး ရောင်းချသေးတာလည်း ဖြစ်ပါတယ် ။ အခုလို Covid ကာလမှာတော့ ဦးကောင်းကျော်က အိမ်မှာနေရင်း လက်မှုပညာကိုလေ့လာနေတာဖြစ်ပြီး ချစ်ဇနီးနဲ့အတူ ပျော်ရွှင်စွာနေထိုင်နေတာ ဖြစ်ပါတယ် ။


ဒီနေ့ ဇန်နဝါရီလ(၃)ရက်နေ့လေးကတော့ ဦးကောင်းကျော်ချစ်ဇနီးရဲ့မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ် ။ ဒါကြောင့် ဦးကောင်းကျော်က ဇနီးသည်အတွက် မွေးနေ့ပွဲလေး ကျင်းပပေးလိုက်တာ ဖြစ်ပါတယ် ။ ဒီအကြောင်းကို ဦးကောင်းကျော်က "ဒီနေ့ မိန်းမရဲ့မွေးနေ့ပေါ့ မနက်က သူကတော့ ဘာရယ်မဟုတ် ပြောလိုက်တဲ့စကားလေး "မွေးနေ့မှာ မွေးနေ့ကိတ်လေး ခွဲဖူးချင်လိုက်တာ" လို့ သူဘာသာအမှတ်တမဲ့ပြောလိုက်တဲ့ စကားလေး အိမ်ထောင်သက်က (၂၅)နှစ် မွေးနေ့ပေါင်းဖြတ်သန်းခဲ့တာ(၂၅)ကြိမ် သူ့မွေးနေ့တိုင်း လှူချင်တာလေးတွေလှူလိုက်တာကလွဲလို့ တစ်ခါမှ အခုလို မတောင့်တဖူးဘူး "




"မိန်းမက မွေးနေ့ကိတ်ခွဲချင်လို့လား" လို့မေးလိုက်တော့ "အခုကအရင်လို မဟုတ်ဘူးလေ ယောက်ျားရယ် အလုပ်အကိုင်တွေ မရှိရတဲ့အထဲ ဘာကိတ်မှမခွဲချင်ပါဘူး အခုမှထူးထူးဆန်းဆန်း မွေးနေ့ကိတ်ခွဲချင်စိတ်လေးဖြစ်လာလို့ ဘာရယ်မဟုတ်ပြောလိုက်တာပါ" တဲ့ စိတ်ထဲမကောင်းဖြစ်မိသွားတယ်လေ ဒါကြောင့် သူ့ကိုအသိမပေး ဘာမှမပြောဘဲ ရုတ်တရက်မွေးနေ့ကိတ်လေးကို ဖန်တီးပေးလိုက်တော့ သူပျော်ရွှင်သွားတာလေးကို ကြည့်ပြီး ပီတိလေးဖြစ်ရတာပေါ့ ရှိတဲ့မိသားစုလေးနဲ့တင်မွေးနေ့လေးကို ပျော်စရာလေးဖန်တီးပေးလိုက်တယ်လေ Happy Birthday ပါမိန်းမရေ အခုလိုပဲ အမြဲပျော်ရွှင်ပါစေ" ဆိုပြီး ပြောပြထားတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် ဦးကောင်းကျော်တို့ဇနီးမောင်နှံတို့ရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source & Photo Credit-U Kaung Kyaw's FB Acc



