တစ်ခတ်တခါတည်းက အောင်မြင်မှုတွေရရှိလာခဲ့ပြီး ယနေ့ထိတိုင် ပီပြင်တဲ့သရုပ်ဆောင်ချက်တွေကြောင့်ပရိသတ်တွေရဲ့အားပေးမှုကိုရရှိထားတဲ့မင်းသမီးချောကြီးလင်းဇာနည်ကို သိကြမယ်ထင်ပါတယ်နော်။လင်းဇာနည်ဇော်ဟာအနုပညာအလုပ်တွေအပြင် အစ်မဖြစ်သူချစ်ချစ်ဇော်နဲ့အတူ ကိုယ်ပိုင်စီးပွားရေးဖြစ်တဲ့ ရွှေခေါက်ဆွဲလုပ်ငန်းကိုလည်းဦးဆောင်လုပ်ကိုင်နေတာဖြစ်ပါတယ်။


လင်းဇာနည်ဇော်ဟာ အခုထိတိုင်လည်း ရုပ်ရှင်ကားကြီးတွေမှာပါ၀င်သရုပ်ဆောင်နေတာဖြစ်ပြီး ဇာတ်လမ်းတွဲတွေမှာလည်း သရုပ်ဆောင်နေတာပါနော်။လင်းဇာနည်ဇော်ဟာ ချစ်စရာကောင်းတဲ့သမီးလေး မြူလင်းကိုကို ကိုလည်းပိုင်ဆိုင်ထားတာဖြစ်ပြီး သမီးလေးဟာလည်း ဘိုမရုပ်လေးလို့ထင်မှတ်ရလောက်အောင်ကို ချစ်စရာကောင်းလွန်းနေတာပါနော်။


လင်းဇာနည်ဇော်ရဲ့ သမီးလေးမြူလင်းဟာလည်း ရိုးရိုးအေးအေးလေးနေတတ်တဲ့သူဖြစ်ပြီးတော့ မိသားစုနဲ့ပဲပျော်ပျော်နေလေ့ရှိသူပါ။ အခုဆိုရင်လည်း မေမေလင်းဇာနည်ဇော်ဟာ သူမရဲ့ Facebookစာမျက်နှာမှာ "ချစ်ရတဲ့ဆရာမ မအေးသဇင် နဲ့အစားတစ်လိုင်းတပည့်ကျော်များ ရဲ့..ကိတ်မုန့်?ပီဇာ?လွှတ်ကောင်းကွာ..." ဆိုပြီးရေးသားကာ မိသားစုတွေနဲ့အတူပျော်ပျော်ပါးပါး မုန့်လုပ်စားနေတဲ့ပုံလေးတွေကို တင်ပေးလာပါတယ်။ ကဲ......ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။


သတင်း အရင်းအမြစ်៖ Lin Zarni Zaw's Facebook acc