ဒီတစ်ခေါက်မှာတော့ အမြဲကို နုပျိုလင်းလက်နေပြီး ယနေ့ချိန်ထိ ပရိသတ်တွေ အားပေးထောက်ခံမှုကို တခဲနပ် ရရှိထားတဲ့ ဝါရင့် သရုပ်ဆောင်ကြီး အိန္ဒြာကျော်ဇင်ပဲဖြစ်ပါတယ်။ဇာတ်ရုပ်တိုင်းကို ခံစားသတ်ဝင်မှုအပြည့်နဲ့ အကောင်းဆုံးသရုပ်ဆောင်နိုင်ပြီး သူမရဲ့ ကြိုးစားမှုတွေကြောင့် အကယ်ဒမီဆုများစွာကိုလည်း ထိုက်ထိုက်တန်တန်ရရှိခဲ့တာပဲ ဖြစ်ပါတယ်။သူမရဲ့ ကြိုးစားမှုကြောင့်လည်း ဆယ်စုနှစ်မက အောင်မြင်မှုကို ထိမ်းသိမ်းထားနိုင်တာဆိုရင်လည်း မမှားပါဘူး။


သူမကတော့ ပရိသတ်တွေ သိကြတဲ့အတိုင်း ဝါရင့်သရုပ်ဆောင်ကြီး တစ်ဦးဖြစ်တဲ့ ပြေတီဦး ဇနီးချောလေးတစ်ဦးလည်း ဖြစ်ပြီး သားလေးတစ်ယောက် သမီးလေး တစ်ယောက်ကို ရရှိပိုင်ဆိုင်ထားကာ သာယာတဲ့ ဘဝလေးကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေကြတာပဲဖြစ်ပါတယ်။ အမိုက်စား ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားရုံသာမက အသားအရည်ကလည်း နုပျိုပြီး အမြဲ တက်တက်ကြွကြွနဲ့ နေနေတာကြောင့် ပရိသတ်တွေက သည်းသည်း လှုပ် ချစ်တာကို ခံနေရတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာလည်း onlineကြော်ငြာတွေရိုက်ကူးနေပြီး ပရိသတ်တွေနဲ့ အဆက်အသွယ်မပျက်ရှိနေတာပဲ ဖြစ်ပါတယ်။


ယခုအခါမှာလည်း သူမရဲ့ အမိုက်စား ပုံလေးတွေကို ချပြလာတာပဲ ဖြစ်ပါတယ်။ ကျော့ရှင်းလှပတဲ့ ခန္ဓာကိုယ်ထက်မှာ ကတို့သမီး ဝတ်ဆုံလေး ဝတ်ပြီး လှသွေးကြွယ်နေတဲ့ ပုံလေးတွေ ကို သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ချပြလာတာပဲဖြစ်ပါတယ်။ ဒီပုံလေးတွေထဲမှာ အိန္ဒြာကျော်ဇင်တစ်ယောက် အရမ်းကိုကျက်သရေရှိရှိ အလှဝေဖျာနေတာပဲ ဖြစ်ပါတယ်။ မြင်သူတိုင်းရင်အေးစေလောက်မယ့် အပြုံးတွေနဲ့ စွဲဆောင်မှုရှိရှိ ရိုက်ထားတဲ့ သူမရဲ့ ပုံလေးတွေကို ပရိသတ်တွေ အတွက် ပြန်လည် မျှဝေပေးလိုက်တာပဲ ဖြစ်ပါတယ်။


သတင်း အရင်းအမြစ်៖ Eaindra Kyaw Zin Facebook Page